ကယ်တင်မှုလား၊ လူကုန်ကူးမှုလား - အင်ဒိုနီးရှားရဲ့ အငြင်းပွားဖွယ် မွေးစားမှုနောက်ကြောင်း
အင်ဒရာ ဂျာယာ လက်ဆာနာက သူ့ကိုယ်သူ မွေးစားခံရသူတစ်ဦးအဖြစ် မဟုတ်ဘဲ ကလေးလူကုန်ကူးခံရမှုမှ အသက်ရှင်ကျန်ရစ်သူတစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။
အင်ဒရာဂျာရာလက်ခ်ဆာနာ အတွက် မွေးစာရင်းမှာ ဖော်ပြထားတဲ့ နာမည်ဟာသူ့အတွက် ဘယ်တုန်း ကမှ အံဝင်ခွင်ကျ မဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် သူ့ရဲ့ ဇာစ်မြစ်အမှန်ကို သိလာပြီးနောက်ပိုင်းမှာ ပိုပြီး မသက်ဆိုင်သလို ခံစားလာရပါတယ်။
ဒါကြောင့် အရွယ်ရောက်လာပြီး သူ့ရဲ့ မိသားစုရင်းနဲ့ ပြန်လည်ဆက်သွယ်နိုင်ခဲ့တဲ့နောက် အက်စီပီရို ဂျင်းလက်စ် ဆိုတဲ့ နာမည်အစား အင်ဒရာဂျာရာလက်ခ်ဆာနာ ဆိုတဲ့ မူလနာမည်ကို ပြန်ပြီးအသုံးပြုခဲ့ပါတယ်။
တရားဝင်အားဖြင့် နယ်သာလန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ အင်ဒရာ ဟာ မွေးကင်းစအရွယ်မှာပဲ အင်ဒိုနီးရှားနိုင်ငံကနေ နယ်သာလန်ကို ခေါ်ဆောင်သွားခံခဲ့ရပြီး အဲဒီနိုင်ငံက မိသားစုတစ်စုရဲ့ လက်အောက်မှာ ကြီးပြင်းလာခဲ့ပါတယ်။ ဒါပေမဲ့ သူက သူ့ကိုယ်သူ မွေးစားခံခဲ့ရသူတစ်ဦးအဖြစ် မမြင်ဘဲ လွတ်မြောက်ကျန်ရစ်သူတစ်ဦးအဖြစ်သာ သတ်မှတ်ထားပါတယ်။
"ကျွန်တော် သုံးပတ်သားအရွယ်တုန်းက နယ်သာလန်နိုင်ငံကို လူကုန်ကူးခံခဲ့ရတာပါ" လို့ အသက် ၄၄ နှစ်အရွယ် အင်ဒရာက ဘီဘီစီကိုပြောပါတယ်။
သူက မွေးစားခြင်းဆိုတဲ့ စကားလုံးက ကလေးတွေကို အနောက်နိုင်ငံတွေမှာ ပိုကောင်းတဲ့ ဘဝရမယ်ဆိုတဲ့ ယူဆချက်နဲ့ မိဘရင်းတွေဆီကနေ ခွဲထုတ်ဖို့ အသုံးပြုခဲ့တဲ့ မရိုးမသားလုပ်ရပ်တွေ၊ တချို့အခြေအနေတွေမှာ ဥပဒေချိုးဖောက်မှုတွေကို ဖုံးကွယ်ထားသလို ဖြစ်စေတယ်လို့ မြင်ပါတယ်။
ဆယ်စုနှစ်များစွာကြာအောင် နိုင်ငံဖြတ်ကျော် မွေးစားမှုစနစ်က ဖွံ့ဖြိုးမှုနည်းပါးတဲ့ နိုင်ငံတွေ၊ အထူးသဖြင့် အာရှနဲ့ အာဖရိကနိုင်ငံတွေက ကလေးငယ် သိန်းနဲ့ ချီကို အနောက်နိုင်ငံက အခကြေးငွေမြင့်မားစွာ ပေးနိုင်တဲ့ မိသားစုတွေဆီ ပို့ဆောင်ပေးခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီကလေးတွေ အရွယ်ရောက်လာပြီး သူတို့ရဲ့ ဇာစ်မြစ်ကို ပြန်လည်ရှာဖွေကြတဲ့အခါ အကျိုးအမြတ်အတွက် လည်ပတ်နေတဲ့ မွေးစားမှုလုပ်ငန်းစဥ်အတွင်း အလွဲသုံးစားလုပ်မှုတွေ၊ မသမာမှုတွေ ပုံစံတစ်မျိုးတည်းနဲ့ ထပ်တလဲလဲ ဖြစ်ပွားခဲ့တာကို ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။
မကြာသေးခင်နှစ်များအတွင်း အမှန်တရားဖော်ထုတ်ရေးနဲ့ တာဝန်ခံမှုရှိစေရေးအတွက် မွေးစားခံခဲ့ရသူတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေကြောင့် နိုင်ငံအချို့မှာ အမှန်တရားစုံစမ်းစစ်ဆေးရေးကော်မရှင်တွေ ဖွဲ့စည်းခဲ့ရသလို၊ တရားဝင်တောင်းပန်မှုတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ တချို့နိုင်ငံတွေမှာတော့ နိုင်ငံဖြတ်ကျော် မွေးစားမှုလုပ်ငန်းကို ယာယီရပ်ဆိုင်းထားတဲ့အထိ ဖြစ်လာခဲ့ပါတယ်။
နယ်သာလန်နိုင်ငံဟာ တစ်ချိန်က ကမ္ဘာပေါ်မှာ နိုင်ငံဖြတ်ကျော် မွေးစားခံရသူတွေ အများဆုံးရောက်ရှိရာ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ အမြင့်ဆုံးအဆင့် ရောက်ခဲ့ချိန်အတွင်း နယ်သာလန်ရဲ့ ကိုလိုနီဟောင်းဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ကလေးငယ် ၃,၀၀၀ ကျော်ကို နယ်သာလန်ကို ပို့ဆောင်ခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ်မှာ အဲဒီကာလအတွင်း ဖြစ်ပွားခဲ့တဲ့ နိုင်ငံဖြတ်ကျော် မွေးစားမှုတွေကို စုံစမ်းစစ်ဆေးဖို့ အစိုးရကျောထောက်နောက်ခံပြု စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီအဖွဲ့ရဲ့ ဖော်ထုတ်မှုကြောင့် နယ်သာလန်အာဏာပိုင်တွေဟာ လိမ်လည်မှုတွေ၊ စာရွက်စာတမ်းအတုလုပ်မှုတွေ၊ မိခင်တွေကို ဖိအားပေးကာ ကလေးစွန့်လွှတ်စေခဲ့တဲ့ ဖြစ်ရပ်တွေလို သိရှိထားပြီးသား မသမာမှုတွေကို မတားဆီးနိုင်ခဲ့ကြောင်း သ
📌 Kaynak
Bu özet Myanmar kaynağından otomatik derlenmiştir. Tamamı için orijinal habere gidin.
Orijinal haberi oku →