‘‘မြန်မာ့ပဋိပက္ခအရေး ချဉ်းကပ်ပုံကို အာဆီယံပြန်သုံးသပ်သင့်’’ - တီမောသမ္မတ

📌 Diğer 📰 Myanmar 🕐 3 saat önce
‘‘မြန်မာ့ပဋိပက္ခအရေး ချဉ်းကပ်ပုံကို အာဆီယံပြန်သုံးသပ်သင့်’’ - တီမောသမ္မတ

အိမ်ဖြူတော် UFC ပွဲကို ဦးတည်တိုက်ခိုက်ဖို့ ကြံစည်တယ်လို့ဆိုသူ ၅ ဦးကို FBI ဖမ်းဆီး၊ အာဆီယံအနေနဲ့ မြန်မာ့ပဋိပက္ခအရေးချဉ်းကပ်ပုံကို ပြန်သုံးသပ်သင့်ပြီလို့ တီမောသမ္မတပြောတဲ့သတင်းအပါအဝင် ဇွန် ၁၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်တင်ဆက်မှုကို ထုတ်လွှင့်ပေးနေပါပြီ။

တစ်နှစ်နီးပါးပိတ်ခဲ့တဲ့ ကရင်ပြည်နယ်၊ မြဝတီနယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်ဖွင့်တာကြောင့် ထိုင်း-မြန်မာကုန်သွယ်ရေးအရှိန်ပြန်ကောင်းလာပေမဲ့ ၂၀၂၆ ဒုတိယနှစ်ဝက်ကာလအတွင်းမှာ မြန်မာရဲ့ သွင်းကုန်လိုင်စင်ကိစ္စအပြင် စောင့်ကြည့်စရာကိစ္စရပ်တွေ ရှိနေတယ်လို့ ထိုင်းဘက်က ပြောလာပါတယ်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနာလန်ထူဖို့ မြန်မာရဲ့သွင်းကုန်ထိန်းချုပ်ရေးဆိုင်ရာအစီအမံတွေအပေါ်မှာ မူတည်နေတယ်လို့ ထိုင်းနိုင်ငံ၊ နိုင်ငံတကာကုန်သွယ်ရေးဌာန(DFT)ရဲ့ ညွှန်ကြားရေးမှူးချုပ် အာရာဒါ ဖူအန်ထုန်က ဇွန် ၁၆ ရက် DFT ထုတ်ပြန်ချက်မှာ ပြောပါတယ်။

“ဂိတ်ပြန်ဖွင့်လိုက်တဲ့အတွက် မြန်မာစျေးကွက်မှာ ဝယ်လိုအားများတဲ့ ထိုင်း စားသောက်ကုန်၊ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ယန္တရားနဲ့ ကိရိယာတွေအပြင် စက်မှုကုန်ပစ္စည်းတွေအတွက် အခွင့်အလမ်းပွင့်သွားတယ်” လို့ ညွှန်ကြားရေးမှူးချုပ် အာရာဒါ ဖူအန်ထုန်က ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ ကျဆင်းနေပြီး ၂၀၂၆ ဇန်နဝါရီကနေ ဧပြီအထိ ကုန်သွယ်မှုတန်ဖိုး ဘတ်ငွေ ၆၀ ဒသမ ၈ ဘီလျံ ရှိပေမဲ့ မနှစ်ကထက် ၁၄ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ထိုင်း DFT ရဲ့အချက်အလက်အရ သိရပါတယ်။

မဲဆောက်ကုန်သွယ်ရေးဂိတ်ကနေ ကုန်သွယ်တဲ့တန်ဖိုးကလည်း ၁၈ ဒသမ ၂ ဘီလျံဘတ် ရှိပေမဲ့ မနှစ်ကထက် ၃၉ ရာခိုင်နှုန်းကျော် ကျဆင်းတယ်လို့ ထိုင်းဘက်က ဆိုပါတယ်။

ထိုင်းဘက်ကတော့ နှစ်နိုင်ငံကုန်သွယ်ရေးမြှင့်တင်ဖို့ မြန်မာက စီးပွားရေးဝန်ကြီးဌာနကို သွင်းကုန် ထိန်းချုပ်ရေးကန့်သက်ချက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဒီနှစ်ကုန်ပိုင်းမှာ ထိုင်း-မြန်မာ ပူးတွဲကုန်သွယ်‌ရေးကော်မတီ JTC အစည်းအဝေးပြုလုပ်ဖို့ ရှိနေတယ်လို့ ထိုင်းဘက်က ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ထိုင်းက ဆိုလိုတဲ့ မြန်မာက သွင်းကုန်ထိန်းချုပ်မှုကန့်သက်ချက်တွေကတော့ ပို့ကုန်ရငွေပြမှ သွင်းကုန်လိုင်စင်ရနိုင်တာ၊ ဗဟိုဘဏ်ရဲ့ မူဝါဒအရ ကုန်သွယ်မှုရငွေ ၁၅ ရာခိုင်နှုန်းကို ၂၁၀၀ ကျပ်နဲ့ နိုင်ငံတော်ကို သွင်းရတာ၊ ၈၅ ရာခိုင်နှုန်းကို လိုင်စင်ရဘဏ်ပေါက်ဈေးနဲ့ ရောင်းရတာတွေကို ဆိုလိုတာပါ။

“စီးပွားကူးသန်းက ပို့ကုန်တင်ပို့ရင် သွင်းကုန်လိုင်စင်ချပေးမယ်လို့ပြောတဲ့ မျှော်လင့်ချက်တွေကို ယုံကြည်တဲ့ကုန်သည်တွေအနေနဲ့ ပို့ကုန်ရငွေကိုအရင်အရှုံးခံပြီး သွင်းကုန်အတွက်မျှော်နေရင်း လိုင်စင်မကျခဲ့ဘူးဆိုရင် အလိုလိုငွေအရှုံးက ရင်ဆိုင်ရတယ်” လို့ နယ်စပ်ကုန်သည်တစ်ဦး ဘီဘီစီကို ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေတဲ့ မြန်မာကုန်သည်အသိုင်းအဝိုင်းကတော့ စီးပွားကူးသန်းဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ FESCနဲ့ ဗဟိုဘဏ်တို့ရဲ့တင်းကျပ်ထားတဲ့မူဝါဒတွေ လျှော့ချဖို့၊ ဌာနချင်းချိတ်ဆက်မှုရှိဖို့ လိုတယ်လို့ ဆိုပါတယ်။

📌 Kaynak

Bu haber XML kaynağından derlenmiştir. Tamamı için orijinal habere gidin.

Orijinal haberi oku →
📱
News AI World — Mobil uygulama
Bu haberleri 45 dilde, anlık çeviriyle cebinde. Erken erişim için Gmail adresini bırak.
← Tüm haberlere dön