အိန္ဒိယမှာ မေးခွန်းပေါက်လို့ ဆေးကျောင်း၀င်ခွင့်စာမေးပွဲကာလ Telegram ကို ယာယီပိတ်

📌 Diğer 📰 Myanmar 🕐 4 saat önce
အိန္ဒိယမှာ မေးခွန်းပေါက်လို့ ဆေးကျောင်း၀င်ခွင့်စာမေးပွဲကာလ Telegram ကို ယာယီပိတ်

စာမေးပွဲ အဖြေလွှာပေါက်ကြားမှုကြောင့် ဖြေမယ့်ရက် ဖျက်သိမ်းတဲ့အပေါ် နိုင်ငံတလွှား ဆန္ဒပြမှုတွေဖြစ်ခဲ့

အိန္ဒိယမှာ အရေးပါတဲ့ဆေးဘက်ဆိုင်ရာဝင်ခွင့်စာမေးပွဲကို ပြန်ကျင်းပဖို့ မသတ်မှတ်ခင် ရက်ပိုင်းအလိုမှာ လိမ်လည်လှည့်ဖြားတဲ့နည်းတွေ သုံးပြီး ဝင်ခွင့်ဖြေမှာကို စိုးရိမ်လို့ Telegram တယ်လီဂရမ် အက်ပ်ကို ယာယီပိတ်ထားလိုက်ပါတယ်။

သန်းနဲ့ချီတဲ့ ကျောင်းသားတွေဟာ အိန္ဒိယမှာ National Eligibility cum Entrance Test - Undergraduate (NEET-UG) ဘွဲ့ကြိုဝင်ခွင့် စာမေးပွဲကို ဇွန်လ ၂၁ ရက်မှာ ပြန်လည်ဖြေဆို ရမှာ ဖြစ်ပါတယ်။ မေလတုန်းက ကျင်းပမယ့်စာမေးပွဲတုန်းက မေးခွန်းပေါက်ကြားတဲ့ စွပ်စွဲချက်တွေကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။

စာမေးပွဲ စီစဉ် ကျင်းပတဲ့ အမျိုးသားစာစစ်ဌာန (NTA) ကတော့ တယ်လီဂရမ် ကိုသုံးပြီး လိမ်လည်လှည့်ဖျားတဲ့အဖွဲ့အစည်းတွေက စာမေးပွဲဖြေမယ့်သူတွေဆီက ငွေလိမ်တဲ့ပြဿနာကို အရေးယူဖို့ အခုလိုစီစဉ်တာကို ကြိုဆိုလိုက်ပါတယ်။

ဒါပေမဲ့ အင်တာနက်အသုံးပြုသူတွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ဒီပိတ်ပင်မှုဟာ စာမေးပွဲလိမ်လည်မှုပြဿနာကို ကိုင်တွယ်ဖို့ ရေတိုဖြေရှင်းနည်းဆိုပြီး ဝေဖန်ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တယ်လီဂရမ်က ယခုအချိန်အထိ ကြေညာချက်တစ်စုံတရာ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

ဘီဘီစီ အနေနဲ့လည်း တယ်လီဂရမ် ဆီက တုန့်ပြန်ချက်ရဖို့ မေးမြန်းထားဆဲဖြစ်ပါတယ်။

အိန္ဒိယအစိုးရရဲ့ကြေညာချက်ထုတ်ပြီး နာရီပိုင်း အနည်းငယ်အကြာအထိ တယ်လီဂရမ် မှာ အိန္ဒိယနိုင်ငံထဲက အသုံးပြုသူတွေ ဆက်သုံးနေဆဲဖြစ်ပြီး ဒီကန့်သတ်ချက်ကို ဘယ်လို အကောင်အထည်ဖော်ဆောင်ရွက်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ဒါပေမဲ့ အိန္ဒိယနိုင်ငံတလွှားက ဆေးကျောင်းတွေကို ဝင်ခွင့်ရဖို့ ဖြေဆိုရတဲ့ ဒီ NEET-UG စာမေးပွဲနဲ့ပတ်သက်တဲ့ မကြာသေးခင်က ဖြစ်ခဲ့တဲ့အငြင်းပွားမှုတွေကတော့ သတင်းခေါင်းကြီးပိုင်းတွေမှာ ပြန်လည်ဖော်ပြခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့တုန်းက အိန္ဒိယနိုင်ငံတဝန်းက စာဖြေဌာနပေါင်း ၅,၀၀၀ ကျော်မှာ စာမေးပွဲဖြေဆိုသူ အယောက် ၂.၂၈ သန်းနီးပါးရှိခဲ့ပါတယ်။

ဒါပေမဲ့ ရက်အနည်းငယ်အတွင်း မေးခွန်း ပေါက်ကြားမှုစွပ်စွဲချက်တွေကြောင့် စာမေးပွဲကို ဖျက်ခဲ့လို့ ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီအမှုကို ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) က စုံစမ်းစစ်ဆေးနေပြီး ယခုအချိန်အထိ ဖမ်းဆီး ထိန်းသိမ်းမှု ၁၂ ခုထက်မနည်း ပြုလုပ်ထားပြီးဖြစ်ပါတယ်။

အခုလို ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖျက်သိမ်းမှုအပြင် နောက်ထပ် သီးခြားအငြင်းပွားဖွယ်ကိစ္စ တစ်ခုဖြစ်တဲ့ စာမေးပွဲတစ်ခုနဲ့ ပတ်သက်ကိစ္စတွေကြောင့် အိန္ဒိယတလွှားဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး ဗဟိုအစိုးရ ပညာရေးဝန်ကြီး နုတ်ထွက်ပေးလိုက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

၂၀၂၄ တုန်းကလည်း အလားတူဝင်ခွင့် စာမေးပွဲ မေးခွန်းပေါက်တဲ့စွပ်စွဲချက်တွေနဲ့ ထောင်နဲ့ချီတဲ့ စာမေးပွဲ ဖြေဆိုသူတွေ အံ့သြဖွယ်ကောင်းလောက်အောင် အမှတ်ကောင်ကောင်းရခဲ့တာကြောင့် အငြင်းပွားစရာ ဒီအခြေအနေကို နိုင်ငံတဝန်းမှာ ဆန္ဒပြမှုဖြစ်ခဲ့ပါသေးတယ်။

ဆေးကျောင်း၀င်ခွင့်ရဖို့ ဖြေဆိုရတဲ့ ဒီစာမေးပွဲဖြေဆိုသူတွေထဲက အနည်းငယ်သာ ကျောင်းဝင်ခွင့်ရတာက အစဉ်အလာဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၄ ခုနှစ်တုန်းကတော့ ဝင်ခွင့်ဖြေဆိုသူ အများစုဟာ အမှန်ကောင်းကောင်းရကြတာကြောင့် ဝင်ခွင့်အမှတ် ထပ်တိုးလိုက်တဲ့အခါ အမှ

📌 Kaynak

Bu haber XML kaynağından derlenmiştir. Tamamı için orijinal habere gidin.

Orijinal haberi oku →
📱
News AI World — Mobil uygulama
Bu haberleri 45 dilde, anlık çeviriyle cebinde. Erken erişim için Gmail adresini bırak.
← Tüm haberlere dön