ထရမ့် ကမ္ဘာ့ဖလားဘောလုံးပွဲတွေနဲ့ ခပ်လှမ်းလှမ်းနေတာ ဘာကြောင့်လဲ

📌 Diğer 📰 Myanmar 🕐 3 saat önce
ထရမ့် ကမ္ဘာ့ဖလားဘောလုံးပွဲတွေနဲ့ ခပ်လှမ်းလှမ်းနေတာ ဘာကြောင့်လဲ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တစ်ယောက် ကမ္ဘာ့ဖလားပွဲတွေကနေ ဘာကြောင့် ခပ်ခွာခွာနေနေတာလဲ။ ဗိုလ်လုပွဲမတိုင်ခင် ဘောလုံးပွဲတွေကို သူ ကိုယ်တိုင်တက်ရောက် အားပေးနိုင်ခြေရှိလား။

အမေရိကန်ပြည်ထောင်စုလည်း ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပွဲတွေမှာ သမ္မတ ဒေါ်နယ်ထရမ့်ကို မြင်ရလိမ့်မယ်လို့ အများက တွေးခဲ့ကြပါတယ်။

ဒါပေမဲ့ သမ္မတ ထရမ့်ဟာ အခုအထိ ကမ္ဘာ့ဖလား ဘောလုံးပွဲ တစ်ပွဲမှာတောင် မတွေ့ရသေးပါဘူး။ အမေရိကန်ဘောလုံးအသင်း ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ ၃ ပွဲနိုင်တာ၊ ၃၂ သင်း ရှုံးထွက်အထိ တက်တာတောင် သမ္မတ ထရမ့်တစ်ယောက် နိုင်ငံ့အသင်းကစားတဲ့ပွဲတွေကို တက်ရောက် အားပေးတာ မတွေ့ရသေးပါဘူး။

ဆိုတော့ ဒါဟာ ထူးဆန်းတာလား၊ သူ ကပ်ခွာခွာနေတာလား။ ဒါမှဟုတ် ဗိုလ်လုပွဲမတိုင်ခင်မှာပဲ ကွင်းထဲအထိ သူ လာကြည့်မှာလား။ ဘီဘီစီက ဒီအခြေအနေတွေကို ဆန်းစစ်ကြည့်ထားပါတယ်။

''အမေရိကန်ပြည်သူပြည်သားများနဲ့ ကမ္ဘာသူကမ္ဘာသားများ ခင်ဗျာ ... အမေရိကန်ပြည်ထောင်စုဟာ ဒီလိုထူးခြားလှတဲ့ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရလို့ ဂုဏ်ယူရပါတယ်။ ကမ္ဘာ့ဖလားဟာ ကျွန်တော်တို့ နိုင်ငံရဲ့စိတ်ကူးအစဉ်ကို ဖမ်းစားနိုင်တဲ့ပွဲဖြစ်သလို ပွဲကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း စိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးပွဲကြီးဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံအားလုံး၊ ကမ္ဘာ့တိုက်ကြီးအသီးသီးကနေ လာရောက်ခဲ့ကြသူတွေအပြင် လာမယ့် ရက်ပေါင်း ၃၀ အတွင်း အမေရိကန်ပြည်ထောင်စုမှာ ဘောလုံးပွဲတွေကို လာကြည့်ကြမယ့် အားကစားဝါသနာရှင်တွေကိုလည်း ကြိုဆိုပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။''

ဒီစကားက အမေရိကန်ပြည်ထောင်စုမှာ ကမ္ဘာ့ဖလားကို ပထမဆုံးစတင်ကျင်းပတဲ့ ၁၉၉၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်၊ ချီကာဂိုမြို့က ဆိုးဂျားဖီးလ် အားကစားကွင်းမှာ အမေရိကန်သမ္မတ ဘီလ်ကလင်တန် ပြောခဲ့တဲ့စကားဖြစ်ပါတယ်။

သမ္မတ ကလင်တန် ဒီမိန့်ခွန်းပြောတဲ့နေ့ဟာ ၁၉၉၄ ခုနှစ် ဖီဖာကမ္ဘာ့ဖလားဖွင့်ပွဲနေ့ဖြစ်ပြီး ဖွင့်ပွဲဖျော်ဖြေတဲ့ အဆိုတော် ဒိုင်ယာနာ ရို့စ် တစ်ယောက် ပြကွက်တစ်ခုအဖြစ် ကြိုဆင်ထားတဲ့ ပယ်နနီကန်ချက်ကို လွဲချော်ခဲ့လို့ အမေရိကန် လူထုစိတ်ထဲမှာ ကလင်တန်မိန့်ခွန်းထက် ဒိုင်ယာနာ ရို့စ် အလွဲကို ပိုပြီး အမှတ်ရကြတဲ့နေ့လည်းဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ကမ္ဘာ့ဖလားဖွင့်ပွဲကို သမ္မတ ကလင်တန်ကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာကတော့ မှတ်မှတ်ရရဖြစ်စရာဖြစ်နေပြန်ပါတယ်။

ဒါပေမဲ့ အဲဒီဖြစ်ရပ်အပြီး ၃၂ နှစ်အကြာမှာ အမေရိကန်မှာ ကမ္ဘာ့ဖလားပွဲ နောက်တစ်ခါ ပြန်ကျင်းပနေပါပြီ။ ကမ္ဘာ့ဖလားပွဲကြီး ကျင်းပနေတာ တဝက်ကျိုးလောက်ဖြစ်နေပြီဖြစ်ပေမဲ့ လက်ရှိ အိမ်ဖြူတော်က သမ္မတ ထရမ့်တစ်ယောက် ဘောလုံးပွဲတွေနဲ့ ခပ်ခွာခွာဖြစ်နေဆဲပါ။

ဇွန်လ အစောပိုင်းတုန်းကတော့ ထရမ့်ဟာ ကမ္ဘာ့ဖလားပွဲအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ရောင်းချနိုင်ခဲ့တဲ့ ပွဲကြည့်လက်မှတ်အရေအတွက်ကို အားပါးတရ ချီးကျူးစကားပြောခဲ့ဖူးပါတယ်။ ''သူတို့ ကျင်းပခဲ့ဖူးသမျှ ကမ္ဘာ့ဖလားပွဲတွေမှာတော့ အအောင်မြင်ဆုံးပဲ''လို့ ဆိုပြီး ထရမ့်က ပြောပါတယ်။ ဒါကြောင့် သမ္မတထရမ့်ဟာ ကမ္ဘာ့ဖလားပွဲစဉ်တွေကို တက်တက်ကြွကြွနဲ့ အကြိမ်ကြိမ် တက်ရောက် အားပေးလိမ့်မယ်ဆိုတဲ့အမြင်တွေလည်း ထွက်ပေါ်ခဲ့တာပါ။

ကမ္ဘာ့ဖလားပွဲဟာ ထရမ့်အတွက် သိပ်ကို အရေးပါတဲ့ပုံပေါ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့နှစ်အစောပိုင်းမှာ သူ သမ္မတ တာဝန်ယူဖို့ ကျမ်းကျိန်တာ မလုပ်ခင် အစောပိုင်းလုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲတစ်ခုမှာ မိန့်ခွန်းပြော

📌 Kaynak

Bu haber XML kaynağından derlenmiştir. Tamamı için orijinal habere gidin.

Orijinal haberi oku →
📱
News AI World — Mobil uygulama
Bu haberleri 45 dilde, anlık çeviriyle cebinde. Erken erişim için Gmail adresini bırak.
← Tüm haberlere dön