သမုဒ္ဒရာတွေ ပိုမည်းနက်လာတာကို လူသားတွေစိုးရိမ်သင့်ပြီလား
သမုဒ္ဒရာတွေရဲ့ ငါးပုံတစ်ပုံက လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ပိုပြီး မည်းနက်လာပါတယ်။ ဘာကြောင့်လဲ။ ဒါက ကမ္ဘာကြီးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်သလဲ။
ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ ငါးပုံတစ်ပုံကျော်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်း ပိုပြီးမည်းနက်လာတယ်လို့ ဗြိတိန်မှာရှိတဲ့ ပလင်းမတ်သ် တက္ကသိုလ်ရဲ့ သုတေသနက ဖော်ပြပါတယ်။
"သမုဒ္ဒရာမည်းနက်လာခြင်း"လို့ သိကြတဲ့ လုပ်ငန်းစဥ်ဟာ သမုဒ္ဒရာရဲ့ အပေါ်ယံအကျဆုံးအလွှာမှာရှိတဲ့ ရေထုထဲကို အလင်းရောင် ထိုးဖောက်ဝင်ရောက်ဖို့ ခက်ခဲတဲ့အခါ ဖြစ်ပေါ်တဲ့ ဖြစ်စဥ်မျိုးပါ။ အပေါ်ဆုံးအလွှာကို "အလင်းထိုးဖောက် ဝင်ရောက်နိုင်တဲ့ လင်းရောင်ခြည်ဇုန် - Photic Zone" လို့ခေါ်ကြပြီး အဏ္ဏဝါသက်ရှိအားလုံးရဲ့ ၉၀ ရာခိုင်နှုန်း ကျင်လည်ကျက်စားရာဇုန်ဖြစ်ပါတယ်။ ဒီဇုန်ဟာ ကျန်းမာကောင်းမွန်တဲ့ ကမ္ဘာ့ဇီဝဘူမိဓာတုသံသရာကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အလွန်အရေးကြီးတဲ့အရာလည်း ဖြစ်ပါတယ်။
၂၀၀၃ နဲ့ ၂၀၂၂ ခုနှစ်ကြားမှာ တစ်ကမ္ဘာလုံးက သမုဒ္ဒရာတွေရဲ့ ၂၁ ရာခိုင်နှုန်းဟာ ပိုပြီး မည်းနက်လာတယ်လို့ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုတွေအကြောင်း ရေးသားထုတ်ဝေတဲ့ Global Change Biology ဂျာနယ်ပါ လေ့လာမှုက ဖော်ပြပါတယ်။
သမုဒ္ဒရာ မည်းလာတဲ့အကြောင်းရင်းတွေထဲမှာ ရေညှိတွေ အလျင်အမြန်တိုးပွားလာတဲ့ဖြစ်စဥ်နဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန် ပြောင်းလဲမှုတို့လို အချက်တွေကြောင့်ဖြစ်တယ်လို့ ယူဆရကြောင်း အဲဒီလေ့လာမှုက ဖော်ပြပါတယ်။
အဲဒီလို မည်းနက်လာတာကို ကမ်းရိုးတန်းဒေသတွေမှာ မကြာခဏဆိုသလို မြင်တွေ့ရပြီး အဲဒီနေရာတွေဟာ အာဟာရကြွယ်ဝတဲ့ရေတွေက ရေမျက်နှာပြင်ထက်ဆီ တက်လာတာ၊ မိုများလာတာကြောင့် စိုက်ပျိုးခင်းတွေဆီက ရေတွေ ပင်လယ်ထဲ စီးဆင်းလာတာနဲ့ မြေပြင်ပေါ်က အနည်အနှစ်တွေ ရေထဲ ရောက်လာတာတွေကြောင့် အဏုဇီဝသက်ရှိတွေ ပါဝင်တဲ့ ရေမျောတွေ တိုးပွားလာစေပါတယ်။
ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာပေါ်က နေရာအများအပြားမှာ မိုးများတဲ့ဖြစ်စဥ်တွေ ပိုတွေ့လာရပြီး အဲဒီဖြစ်စဉ်က ပိုပြီးလည်း ပြင်းထန်လာနေပါတယ်။
သမုဒ္ဒရာဟင်းလင်းပြင်မှာ မည်းနက်မှုဖြစ်လာရတာကတော့ ပင်လယ် ရေမျက်နှာပြင်အပူချိန် တိုးလာတာနဲ့ ဆက်စပ်နေနိုင်ပြီး ရေမျောတွေ တိုးပွားမှုဖြစ်စေကာ အလင်းရောင်ကို ကာဆီးသွားစေတာမျိုး ဖြစ်နိုင်ပါတယ်။
သမုဒ္ဒရာရဲ့ ၉ ရာခိုင်နှုန်းကျော်မှာ ရေအနက် မီတာ ၅၀ (၁၆၄ ပေ) နေရာမှာ အလင်းထိုးဖောက်ဝင်ရောက်နိုင်မှု ကျဆင်းတာကို ဒီလေ့လာချက်က တွေ့ရှိခဲ့ပါတယ်။ သမုဒ္ဒရာရဲ့ ၉ ရာခိုင်နှုန်းဆိုတာ အာဖရိကတိုက်နဲ့အရွယ်အစားတူလောက်ရှိပါတယ်။
သမုဒ္ဒရာရဲ့ နောက်ထပ် ၂.၆ ရာခိုင်နှုန်းမှာတော့ ရေအနက် ၃၂၈ ပေ (မီတာ ၁၀၀) ကျော်မှာ အလင်းထိုးဖောက်နိုင်မှု ကျဆင်းတာ တွေ့ရပါတယ်။
"အလင်းထိုးဖောက်ဝင်ရောက်နိုင်တဲ့ဇုန်" အနက်မှာ အသိသာဆုံး ပြောင်းလဲမှုတွေကို ပင်လယ်ကွေ့ရေစီးကြောင်းရဲ့ ထိပ်ပိုင်းနဲ့ အာတိတ်နဲ့ အန္တာတိကဒေသတွေနှစ်ခုလုံးထဲမှာ မြင်တွေ့နေရပါတယ်။ အဲဒီနေရာတွေဟာ ကမ္ဘာမှာ ရာသီဥတုပြောင်းလဲမှုကြောင့် သိသာထင်ရှားတဲ့အပြောင်းအလဲတွေ ကြုံနေရတဲ့နေရာတွေ ဖြစ်နေပါတယ်။
ဘော်လ်တစ် ပင်လယ်အပါအဝင် ကမ်းရိုးတန်းဒေသတွေနဲ့ ကုန်းတွင်းပိတ် ပင်လယ်တွေထဲမှာ မည်းနက်လာတာကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ရပါတယ်။
ကမ်းရိုးတန်းဒေသတွေမှာပဲ မည်းနက်လာတာမဟုတ်ဘဲ သမုဒ္ဒရာပြင်အထိပါ သက်ရောက်လာနေတာလို့ လေ့လာမှုက ဆိုပါတယ်။
ဒါပေမဲ့ သမုဒ္ဒရာရဲ့နေရာအားလုံးမှာ မည်းနက်လာတာလည်း မဟုတ်သေးဘူးလို့ လေ့လာမှုက ဖော်ပြပါ
📌 Kaynak
Bu özet BBC Burmese kaynağından otomatik derlenmiştir. Tamamı için orijinal habere gidin.
Orijinal haberi oku →