ကမ္ဘာ့ဖလားလက်မှတ်စျေးကြီးလွန်းတယ် - လက်မှတ်စျေး ၅ ဆ တက်လာတာကို ဘောလုံးပရိသတ်တွေဘယ်လိုကြုံရလဲ
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် လက်မှတ်မဲစနစ်ရောင်းချတာ ဇန်နဝါရီလကတည်းက ပြီးခဲ့ပါပြီ။ ကွင်း၀င်ခွင့်လက်မှတ်စျေးကြီးလွန်းတာကို ပရိသတ်တွေက ဝေဖန်နေကြတယ်ဆိုပေမဲ့ လက်မှတ်လျှောက်လွာ သန်း ၅၀၀ လောက်ရှိတယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ပြောပါတယ်။
ဂွီဒို ပီရယ်တာဟာ စာရင်းကိုင်တစ်ယောက်ဖြစ်ပြီး အာဂျင်တီးနားအမျိုးသားဘောလုံးအသင်းကို ဘ၀တစ်လျှောက်လုံး အားပေးလာသူပါ။ ကာတာမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးချိန်ကနေစပြီး ၂၀၂၆ ကမ္ဘာ့ဖလားအတွက်လက်မှတ်ဝယ်ဖို့ ပိုက်ဆံစစုခဲ့ပါတယ်။
ဒါပေမဲ့ အခုလို အများကြီး စုရလိမ့်မယ်လို့တော့ သူ မမျှော်လင့်ထားခဲ့ပါဘူး။
"ကာတာကမ္ဘာ့ဖလားတုန်းက ကျွန်တော့်လက်မှတ်တွေအတွက် ဒေါ်လာ ၁,၄၇၀ ပဲကုန်ခဲ့ပါတယ်။ ဒီတစ်ခါကမ္ဘာ့ဖလားအတွက်တော့ လက်မှတ်တင်ပဲ ဒေါ်လာ ၆,၉၆၀ ပေးပြီးပါပြီ" လို့ သူက ဘီဘီစီကို ပြောပါတယ်။
နောက်ဆုံးဗိုလ်လုပွဲအထိ ပွဲတိုင်းအတွက် လက်မှတ်တွေ ဝယ်ထားတာပါ။
လက်ရှိ ကမ္ဘာ့ဖလာချန်ပီယံအသင်းက နောက်ဆုံးဗိုလ်လုပွဲအထိ မရောက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် သူ့လက်မှတ်တချို့အတွက် နောက်ပိုင်းမှာ ပိုက်ဆံပြန်ရနိုင်ပါတယ်။ ဒါပေမဲ့ ဗိုလ်လုပွဲအထိ ရောက်သွားခဲ့မယ်ဆိုရင်တော့ ဂွီဒိုက လက်မှတ်ဖိုးတင် ကာတာကမ္ဘာ့ဖလားတုန်းက စုစုပေါင်းအသုံးစရိတ်နဲ့ တန်းတူလောက် သုံးရမှာ ဖြစ်ပါတယ်။
"ဘောလုံးက စီးပွားရေးတစ်ခုလို့ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ လွန်လွန်းသွားပြီ။ ဒီကမ္ဘာ့ဖလားက တကယ့် စီးပွားရေးကမ္ဘာ့ဖလား ဖြစ်သွားပါပြီ" လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ဂွီဒိုတို့လို အမာခံပရိသတ်တွေက ကံကောင်းပါတယ်။ သူတို့လို ဘောလုံးအရူးအမူး အားပေးသူတွေကို နိုင်ငံအလိုက် ဘောလုံးအဖွဲ့အစည်းတွေက စျေးပိုသက်သာတဲ့ လက်မှတ်တွေကို ပိုစောစော ဝယ်ခွင့်ပေးပါတယ်။
ပုံမှန်ပရိသတ်တွေကတော့ လက်မှတ်အတွက် ပိုပြီး ငွေကုန်ကြပြီး နေရာထိုင်ခင်းနဲ့ ခရီးစရိတ်အတွက်ပါ စီစဥ်သုံးစွဲရပါတယ်။
ဒါကြောင့် ပရိသတ်တွေက စျေးကြီးလို့ ပြိုင်ပွဲကို လာမကြည့်နိုင်တော့တဲ့ အခြေအနေ ဖြစ်လာတယ်လို့ ဝေဖန်မှုတွေ ကျယ်ပြန့်လာပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ ပူးတွဲကျင်းပမှာ ဖြစ်ပါတယ်။ အမေရိကတိုက်တစ်လွှားက ကွင်း ၁၆ ကွင်းမှာ ပွဲတွေ ကျင်းပမှာဖြစ်ပြီး အများစုကတော့ အမေရိကန်နိုင်ငံမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာလအစောပိုင်းမှာ လက်မှတ်မဲနှိုက်ခွင့် ထုတ်ပြန်လိုက်တာက ကမ္ဘာတစ်ဝန်းက ပရိသတ်တွေ အင်မတန်မျှော်လင့်နေကြတဲ့အခိုက်အတန့် ဖြစ်ပါတယ်။
အရင်လိုပဲ လက်မှတ်အမျိုးအစားတွေကို အဆင့်လိုက်ခွဲထားပြီး လူမှုရေးနဲ့ စီးပွားရေးနောက်ခံ မတူညီတဲ့ ပရိသတ်တွေပါ ပွဲလာကြည့်နိုင်အောင် စီစဉ်ထားပါတယ်။
ဒါပေမဲ့ အရင်ပွဲတွေထက်စာရင် အနိမ့်ဆုံးအဆင့်လက်မှတ်တွေပါ စျေးမြင့်နေတဲ့အတွက် ပရိသတ်အများစု အံ့အားသင့်သွားကြပါတယ်။
လက်မှတ်အားလုံးကို ဖီဖာက ခွဲဝေပြီး စျေးနှုန်းသတ်မှတ်ထားတာပါ။ အဆင့် ၁ (စျေးအမြင့်ဆုံး) ကနေ အဆင့် ၄ (စျေးအနည်းဆုံး) အထိ အဆင့်လိုက် ခွဲထားပါတယ်။
အမျိုးအစားတိုင်းအတွက် အရေအတွက် တိတိကျကျကို မသိရပေမဲ့ ဖီဖာက ပေးထားတဲ့ ကွင်းမြေပုံအခြေပြု ခန့်မှန်းချက်တွေအရ လက်မှတ်အများစုက စျေးအမြင့်ဆုံး အဆင့်နှစ်ခုဖြစ်တဲ့ အဆင့် ၁ နဲ့ ၂ ထဲမှာ ပါနေပါတယ်။
ဒေသခံတွေအတွက် အရင်ပွဲတွေက စျေးသက်သာတဲ့ အဆင့်ဖြစ်ခဲ့တဲ့ အဆင့် ၄ လက်မှတ်တွေကို အခုအခါ "ပရိသတ်အားလုံးအတွက် ၀ယ်ယူနိုင်တဲ့ ဝင်ပေါက်တစ်ခု" လို့ ဖီဖာက ဆိုပါတယ်။
ဒါပေမယ့် ပရိသတ်အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ ဥရောပ ဘောလုံး ပရိသတ်များ အဖွဲ့ (FSE) ကတော့ "အဲဒီလိုလက်မှတ် အခွင့်အရ
📌 Kaynak
Bu özet BBC Burmese kaynağından otomatik derlenmiştir. Tamamı için orijinal habere gidin.
Orijinal haberi oku →