ကမ္ဘာ့ဖလား အကောင်းဆုံးဝတ်စုံများနဲ့ အထင်ကရ အချက်များ
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး အင်္ကျီတွေက ဘာတွေလဲ၊ အဲဒီအင်္ကျီတွေကို ထင်ရှားကျော်ကြားစေတဲ့ အချက်တွေက ဘာလဲ။
လူတစ်ယောက်ရဲ့ဘဝကို ကမ္ဘာ့ဖလားပြိုင်ပွဲတွေနဲ့ တိုင်းတာလို့ရတယ်လို့ ပြောသူတွေ ရှိပါတယ်။
လေးနှစ်တစ်ကြိမ် အဖြစ်အပျက်တွေဟာ မျက်စိအဝိုင်းသားနဲ့ အရာရာကို အံသြနေရတဲ့ ကလေးဘဝကနေ အားကစားကို ရူးသွပ်လာတဲ့ ဆယ်ကျော်သက်ဘဝ၊ နောက် အသက်အရွယ်ရလာတွေအထိ အချိန်မှတ်တိုင်တွေလိုပါပဲ။
ကိုယ်ချစ်မြတ်နိုးခဲ့ရတဲ့ အသင်းတွေ၊ ကိုယ်အရူးအမူးအားကျခဲ့ရတဲ့ သူရဲကောင်းတွေနဲ့ သူတို့ဝတ်ခဲ့တဲ့ အမှတ်တရ ဘောလုံးအင်္ကျီတွေ စတဲ့ ဘောလုံးလောကရဲ့အမှတ်ရစရာ ပြကွက်တွေပါ။
ဒီမှာ ပြောမှာကတော့ ဘောလုံးအင်္ကျီတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေတဲ့ ဂျာစီအင်္ကျီတွေပါ။ အချိန်ကာလတွေ ဘယ်လိုပြောင်းပြောင်း ပြိုင်ဘက်ကင်း လက်ရာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘောလုံးဝတ်စုံတစ်စုံရဲ့အစဉ်အလာကို ဒီလောက်အထိ ရေရှည်တည်တံ့စေတဲ့အရာက ဘာများဖြစ်မလဲ။
မက်သရူး ဝုဖ် ဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ လူကြိုက်အလွန်များခဲ့တဲ့ နိုင်ဂျီးရီးယား ဝတ်စုံတွေကို ဒီဇိုင်းဆွဲပေးခဲ့သလို ချန်ပီယံ ပြင်သစ်အသင်းရဲ့ဝတ်စုံတွေကိုလည်း ဒီဇိုင်းဆွဲပေးခဲ့သူအဖြစ် အသိမှတ်ပြုအခံရဆုံးသူ ဖြစ်ပါတယ်။
ဒီအမေရိကန်သား လုပ်ဆောင်ခဲ့တာတွေထဲမှာ ပဲရစ် စိန့်ဂျာမိန်း(PSG)၊ မေဂျာလိဂ်ဘောလုံးအသင်းတွေနဲ့ အမျိုးသမီး အမေရိကန် အမှတ်ပေး ဘောလုံးလိဂ်အသင်းအများကြီး ပါဝင်ပြီး သူကိုယ်တိုင် ပူးတွဲတည်ထောင်ခဲ့တဲ့ ယူနိုက်တက်ဘောလုံးလိဂ်ကလပ် 'ဗားမောင့် ဂရင်း' တောင် ပါဝင်ပါတယ်။ ဒါကြောင့် သူဟာ ဘောလုံးဝတ်စုံ ဒီဇိုင်းနဲ့ပတ်သက်ရင် အကုန်အစင် သိသူ ဖြစ်ပါတယ်။
"ကျွန်တော် အကြိုက်ဆုံး ဘောလုံးဝတ်စုံ အများစုက ၉၀ ပြည့်နှစ်တွေနဲ့ ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကျွန်တော့်ရဲ့ကလေးဘဝက ဝတ်စုံတွေပါ" လို့ ဝုဖ်က ရှင်းပြပါတယ်။
"အဲဒီအချိန်က ကစားသမားတွေကို စူပါဟီးရိုးတွေလို တကယ်ခံစားရပြီး သူတို့ရဲ့ဝတ်စုံတွေကလည်း အင်မတန်ဆန်းကြယ် မှော်ဆန်သလို ခံစားရတဲ့ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။"
"၁၉၉၈ မက္ကဆီကို၊ ၁၉၉၄ အမေရိကန်၊ ၁၉၉၀ နဲ့ ၁၉၉၄ ဂျာမနီ၊ ၁၉၉၈ ဂျပန်၊ ၂၀၀၂ က နိုင်ကီ ရဲ့ ဝတ်စုံ၊ ၂၀၀၂ က ကင်မရွန်းရဲ့ လက်ပြတ်အင်္ကျီတွေအထိ ပါပါတယ်။ ဒါတွေက ကျွန်တော့်စိတ်ထဲမှာ ထူးခြားတဲ့ဝတ်စုံတွေပါ။ ဘာလို့လဲဆိုတော့ ကောင်လေးတစ်ယောက်အနေနဲ့ ကျွန်တော့်အတွက် ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလဲဆိုတဲ့ ခံစားချက်ကြောင့်ပါ။"
"အင်္ကျီတစ်ထည် ထင်ရှားကျော်ကြားလာတာဟာ အဲဒီအင်္ကျီကို တစ်ယောက်ယောက် ဝတ်ထားတဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တာတွေကြောင့်လည်း ပါပါတယ်။ အချိန်ကြာလာတော့လည်း ဘောလုံးအင်္ကျီတစ်စုံကို နားလည်ပုံနဲ့ တန်ဖိုးထားပုံတွေဟာ ပြောင်းသွားတတ်ပါတယ်။"
ဒါပေမဲ့ ဒီနေ့ခေတ်မှာ တကယ့် "အထင်ကရ" အဆင့်ကို ရောက်ဖို့ ပိုခက်ခဲလာတယ်လို့ ဝုဖ်က ယူဆပါတယ်။
"အခြေအနေက ပြောင်းသွားပြီ။ ကမ္ဘာ့ဈေးကွက်ကလည်း ပြည့်ကျပ်နေပါပြီ" လို့ ဝုဖ်က ပြောပါတယ်။
"အခုဆိုရင် ကလပ်အသင်းရော၊ နိုင်ငံအသင်းရော အသင်းတွေ အများကြီးရှိတယ်။ ဂျာစီအသစ်တွေ အများကြီးရှိနေလို့ ဂျာစီတစ်ထည်တည်းက ထိုးဖောက်ကျော်ကြားဖို့ တကယ် ခက်ပါတယ်။"
"ဝတ်စုံဒီဇိုင်းကတစ်ဆင့် နိုင်ငံတွေရဲ့ အလှအပနဲ့ ယဉ်ကျေးမှုကို မြင်ရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒါပေမဲ့ ဒါက လူသုံးကုန် အလွန်အကျွံ သုံးစွဲမှုဝါဒအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။ ယဉ်ကျေးမှုစစ်စစ် ဆိုတာန
📌 Kaynak
Bu özet BBC Burmese kaynağından otomatik derlenmiştir. Tamamı için orijinal habere gidin.
Orijinal haberi oku →