'ဘုရားက ကျွန်မတို့ မြားနတ်မောင်' - သီလရှင်ကျောင်းမှာဆုံပြီး လက်ဆက်ကြသူတွေ
ပျော်ရွှင်စွာ လက်ထပ်ထားကြတဲ့ ဖရန်စီလာ နဲ့ လွီဇာ တို့ဟာ လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ရှိနေတဲ့ ခရစ်ယာန်ဘာသာဝင်တွေအတွက်ရော၊ ယုံကြည်မှုနဲ့ ဘာသာရေးအကြောင်း သိလိုတဲ့ LGBTQ+ အသိုင်းအဝိုင်းဝင်တွေအတွက်ပါ လူမှုကွန်ရက်ကနေ သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေပေးနေကြပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Courtesy of Francília Costa and Luiza Silvério
စမြင်မြင်ချင်းတုန်းကတော့ မေတ္တာသက်ဝင်ဖို့ ခက်ခဲခဲ့ပါတယ်။ လွီဇာ ဆေဗာရီယို တစ်ယောက် သူ့ရဲ့ကြင်ဖက်ဖြစ်လာမယ့်သူကို စတွေ့တုန်းက သူတို့ အသက် ၁၉ နှစ်အရွယ် သီလရှင်ငယ်လေးတွေပါ။ တစ်ယောက် မျက်နှာကို တစ်ယောက် ကြည့်မရခဲ့ပါဘူး။
အခုတော့ သူတို့နှစ်ဦး ပျော်ရွှင်စွာ လက်ထပ်ပြီးပြီဖို့ ဇနီးဖြစ်တဲ့ ဖရန်စီလာ ကိုစတာက ဘီဘီစီ သတင်း ဘရာဇီးဌာနကို သူတို့အကြောင်း ပြောပြလာတာပါ။ ''ကျွန်မ ခေါင်းထဲ သူ အကြောင်းတွေးမိတော့ ဘယ်လိုကောင်လေးက ဒီလိုကောင်မလေးကို မျက်စိကျပါ့မလဲပေါ့''
လွီဇာ တစ်ယောက် လွန်ခဲ့တဲ့ ၆ နှစ်တုန်းက သီလရှင်ကျောင်းကို ရောက်တော့ ဖရန်စီလာက သီလရှင်ကျောင်းကို ရောက်နေတာ ၅ နှစ်ရှိပါပြီ။ သူ့အတွက် သာသနာ့ဝန်ကို ကျိုးနွံစွာအမှုတော်ထမ်းဖို့ သူ ကတိသစ္စာပြုထားခဲ့ပြီးချိန်လည်းဖြစ်ပါတယ်။ ပြီးတော့ ဘာသာရေးအထူးပြုဘွဲ့ တစ်ခုအတွက်လည်း စာလိုက်နေချိန်ပါ။
ဘရာဇီး အရှေ့မြောက်ပိုင်းက ဘာသာရေးနက်ရှိုင်းတဲ့ အဖိုးအဖွားတွေလက်ထဲ ကြီးလာသူဖြစ်လို့ သီလရှင်ကျောင်းရောက်တဲ့အခါမှာ သူ့အတွက် အထူးအဆန်းသဖွယ် လိုက်နာကျင့်ကြံရတာမျိုးတော့ မရှိခဲ့ပါဘူး။
အဲဒီနောက် ကျောင်းကို လွီဇာ ရောက်လာပါတယ်။ သူက ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်းအရပ်ကနေ လာသူဖြစ်ပါတယ်။ ရတာမလို လိုတာမရတဲ့ ဆယ်ကျော်သက်ဘဝကို ဖြတ်ကျော်ခဲ့ရသူဖြစ်လို့ လွီဇာတစ်ယောက် သူ့အတွက် ဘာသာရေးမွှမ်းထုံတဲ့ဘဝကို ရဖို့ဆိုရင် သီလရှင်ဝတ်မှပဲ ရမယ်လို့ ခံစားသိခဲ့ပါတယ်။
''သီလရှင်ကျောင်း တံခါးဝကို ခြေတစ်ဖက်လှမ်းပြီဆိုတာနဲ့ ဒါဟာ ဘုရားအတွက် အမှုတော် ထမ်းဖို့ တစ်ခုတည်းဖြစ်သွားပြီ'' လို့ ဖရန်စီလာက ပြောပါတယ်။
အဲဒီနောက်ပိုင်း ၂ နှစ်လောက်ကြာတာတဲ့အခါမှာ သီလရှင်ကြီးနဲ့ သီလရှင်ငယ်လိုဖြစ်နေတဲ့ စစ္စတာနှစ်ယောက် ရင်းနှီးလာပါတယ်။ သူတို့တွေ သူငယ်ချင်းဖြစ်လာပြီး အဲဒီနောက်မှာတော့ နှစ်ဦးနှစ်ဖက် မလိုလားတဲ့အခြေအနေကနေ ကြည့်လို့ရတဲ့အသွင်ပြောင်းလဲခဲ့ပါတယ်။
ဒါပေမဲ့ သူတို့နှစ်ဦးကြား သူငယ်ချင်းလို ဆက်ဆံရေးခိုင်မာလာတာ တင်မကပါဘူး။ သီလရှင်ကျောင်းအတွက် သူတို့ သန္နိဋ္ဌာန်ဟာလည်း ယိမ်းယိုင်လာပါတယ်။
ကိုဗစ်ကပ်ဘေးကို ဖရန်စီလာ တစ်ယောက် အကြောက်ကြီး ကြောက်ခဲ့ပါတယ်။ ကိုဗစ်ပိုး ကူးစက်မယ့်သောကဟာ သူ့ကို မကြာခဏ အထိတ်တလန့်ဖြစ်စေခဲ့ပါတယ်။ ကျန်းမာရေးအတိုင်ပင်ခံနဲ့တွေ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ အဲဒီအတောအတွင်းမှာပဲ သူ့ရဲ့ရွေးချယ်မှုတွေကို ပြန်သုံးသပ်ဖို့ ဖြစ်လာစေပါတယ်။
''ဘာသာရေးထုံမွှမ်းတဲ့ဘဝက သိပ်ကို လှပပါတယ်။ ဒါပေမဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်း ကျန်းမာဖို့ လိုအပ်တယ်။ ဝတ်ပြုဆုတောင်းနေရုံနဲ့ မပြီးပါဘူး'' လို့ သူက ပြောပါတယ်။
အဲဒီကာလအတွင်း လွီဇာတစ်ယောက် ကိုဗစ်ကြောင့် သူ့အဖွားသေဆုံးမှုကို ပူဆွေးနေခဲ့ရချိန်ဖြစ်ပါတယ်။ အထိတ်တလန့်ဖြစ်တာ ခံစားရပြီးတဲ့နောက် တဖြည်းဖြည်း စိတ်ကျရောဂါ စွဲကပ်လာပါတယ်။
သူလည်း ကုထုံးကုသမှုခံယူရပြီး စိတ်ကျန်းမာရေးကို ဦးစားပေးဖို့ရာ အကြောင်းဖန် လာပါတယ်။ ဒါကြောင့် သူလည်း ကျန်နေတဲ့သူ့ဘဝကို သီလရှင်ကျောင်းမှာပဲ ကုန်ဆုံးတော့မယ်ဆိုတဲ့သူ့ ကတိသစ္စာကို ပြန်စဉ်းစားဖို့ဖြစ်လာပါတယ်။
''လွီဇာဟာ သူ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်ခဲ့တယ်'' လို့ ဖရန်စီလီယာက ပ
📌 Kaynak
Bu özet BBC Burmese kaynağından otomatik derlenmiştir. Tamamı için orijinal habere gidin.
Orijinal haberi oku →