တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းက ယမ်းရုံပေါက်ကွဲမှုနဲ့ သေဆုံးမှုများနောက်ကွယ်

📌 Diğer 📰 BBC Burmese 🕐 5 gün önce
တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းက ယမ်းရုံပေါက်ကွဲမှုနဲ့ သေဆုံးမှုများနောက်ကွယ်

လူ ၄ ဒါဇင်နီးပါးသေဆုံးခဲ့တဲ့ TNLAတပ်ထိန်းချုပ် နမ့်ခမ်း၊ ကောင်းတပ်ရွာက ယမ်းပျော့ရုံပေါက်ကွဲမှုနဲ့ ပတ်သက်တဲ့စုံစမ်းစစ်ဆေးမှုတွေကို စောင့်ကြည့်သွားမယ်လို့ တရုတ်ပြောခွင့်ရက ပြောပါတယ်။

ရှမ်း(မြောက်)၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာမှာ မေ ၃၁ ရက်က ဖြစ်ပွားခဲ့တဲ့ ပြင်းအားမြင့် ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။

မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတချို့ကတော့ ပေါက်ကွဲမှုက ယမ်းချက်စက်ရုံနဲ့ဆက်နွယ်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာမှာ "ယမ်းချက်တာ၊ ယမ်းစပ်တာတွေ လုပ်တယ်။ သိုလှောင်ထားတဲ့ယမ်းတွေလည်းရှိတယ်" လို့ စက်ရုံမှာလုပ်ကိုင်ခဲ့တဲ့ဝန်ထမ်းတချို့နဲ့ နီးစပ်သူ ၁ ဦး အပါအဝင် ရွာခံ ၂ ဦးက အတည်ပြုပြောပါတယ်။

ကောင်းတပ်ရွာ ပေါက်ကွဲမှုဟာ ဘယ်လိုဖြစ်ပွားခဲ့သလဲ၊ TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမှာ ယမ်း ထုတ်လုပ်ရေးလုပ်ငန်းတွေ ဘယ်လိုလည်ပတ်နေသလဲဆိုတာကို ဘီဘီစီက မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံ ၅ ဦးထက်မနည်းကို မေးမြန်းထားပါတယ်။

ကောင်းတပ်ရွာဟာ အိမ်ခြေ ၃၀၀ နီးပါးလောက်ရှိတဲ့ လူနေထူထပ်တဲ့ရပ်ကွက်တစ်ခုဖြစ်ပြီး TNLA ရဲ့ တပ်ပိုင်းနဲ့ အရပ်ဘက်ဝန်ထမ်း တချို့လည်း နေထိုင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီယမ်းရုံက ကောင်းတပ်ရွာနဲ့ တဆက်တည်းဖြစ်နေပြီး နမ့်ခမ်းဆေးရုံနဲ့လည်း တစ်မိုင်လောက်ပဲ ဝေးတယ်လို့ ဆိုပါတယ်။ တစ်တော့(TikTok)နဲ့ ဝီချက်(WeChat)စတဲ့ တရုတ်လူမှုကွန်ရက်ပေါ်မှာလည်း ယမ်းချက်ရုံကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ နမ့်ခမ်းဒေသခံတချို့က ရေးသားနေကြပါတယ်။

စက်ရုံဝန်ထမ်းတချို့ ပေါက်ကွဲမှုအတွင်း သေဆုံးသွားခဲ့တာကြောင့် သူတို့နဲ့ရင်းနှီးသူတွေက ဝမ်းနည်းကြေကွဲကြောင်း ပြောဆိုထားကြတဲ့မှတ်တမ်းတွေကိုလည်း တွေ့ရပါတယ်။

ကောင်းတပ်ရွာအနီးက ယမ်းရုံကို TNLA နဲ့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တချို့ ပူးပေါင်းလုပ်ကိုင်နေတယ်လို့ ကောင်းတပ်ရွာဒေသခံ ၃ ဦးထက်မနည်းက ပြောပါတယ်။

သူတို့အပြောအရ တရုတ်ဘက်က ယမ်းထုတ်လုပ်မှုနဲ့သက်ဆိုင်တဲ့ပညာရှင်တချို့ကို ငှားရမ်းပြီး စက်ရုံကို လည်ပတ်နေတယ်လို့ ဆိုပါတယ်။

TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ စက်ရုံနဲ့ပတ်သက်ပြီး အသေးစိတ်ကို ထုတ်ပြန်ပြောဆိုတာ မရှိဘဲ ''မိုင်းတွင်းကျောက်ထုတ်ဖို့ သိုလှောင်ထားတဲ့ယမ်းပျော့တွေ ပေါက်ကွဲတာ'' လို့သာ ဖြေပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာကို တရုတ်နဲ့ ပူးပေါင်းလည်ပတ်နေသလားဆိုတာနဲ့ ဘယ်လိုလည်ပတ်နေသလဲဆိုတဲ့မေးခွန်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲလို့သာ လွေးယေဦးက တုံ့ပြန်ပါတယ်။

"အသေးစိတ်လည်း စုံစမ်းနေဆဲဖြစ်တယ်။ အနီးတဝိုက်နေတဲ့သူကလည်း ထိခိုက်ဒဏ်ရာရကြတယ်၊ သေဆုံးတဲ့အထဲမှာလည်းပါနေတော့ စုံစမ်းနိုင်ဖို့က ခက်ခဲနေတယ်" လို့ လွေးယေဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာ ဒေသခံတွေရဲ့မေးခွန်းထုတ်မှုတွေ ရှိလာတာက TNLA အနေနဲ့ သက်ဆိုင်ရာဌာနတွေကို လူနေရပ်ကွက်ထဲမှာ ပေါက်ကွဲစေတတ်တဲ့ ယမ်းစက်ရုံထားပြီး လည်ပတ်ခွင့် ပြုထားသလားဆိုတာ ဖြစ်ပါတယ်။

"ဒီလောက် အန္တရာယ်ကြီးရင် ဒေသခံတွေက ဆက်မလုပ်ဖို့ ဆန့်ကျင်တာတွေ လုပ်ခဲ့ကြမှာပေါ့" လို့ နမ့်ခမ်းဒေသခံ ကိုစိန်ဝင်း(အမည်လွှဲ)က ရင်ဖွင့်ပြောပါတယ်။

လက်ရှိ နမ့်ခမ်းမှာရှိနေတဲ့မြေပြင်သတင်းရင်းမြစ်တစ်ဦးရဲ့အပြောအရ တရုတ်လုပ်ငန်းရှင်ဘက်က TNLA ဆီမှာ ယမ်းချက်စက်ရုံလုပ်ဖို့ အကြိမ်ကြိမ်ခွင့်တောင်းတာတွေလုပ်ခဲ့သလို ဒေသခံတွေကလည်း က

📌 Kaynak

Bu özet BBC Burmese kaynağından otomatik derlenmiştir. Tamamı için orijinal habere gidin.

Orijinal haberi oku →
← Tüm haberlere dön