"မြန်မာကိုကိုယ့်နိုင်ငံလို့ပဲမှတ်ယူလို့အမြန်ဆုံးအေးချမ်းစေချင်ပြီ"- အရှင်ပညာကာရ (Walk For Peace)

📌 Diğer 📰 BBC Burmese 🕐 24.05.2026
"မြန်မာကိုကိုယ့်နိုင်ငံလို့ပဲမှတ်ယူလို့အမြန်ဆုံးအေးချမ်းစေချင်ပြီ"- အရှင်ပညာကာရ (Walk For Peace)

အမေရိကန်ပြည်ထောင်စုမှာ သီတင်းသုံးတဲ့ ဗီယက်နမ်နွယ်ဖွား ဆရာတော် အရှင်ပညာကာရဟာ လာမယ့်လတွေအတွင်း မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာကို ကြွဖို့ရှိနေပါတယ်။​

ဗီယက်နမ်နွယ်ဖွား ဆရာတော်အရှင်ပညာကာရဟာ Walk For Peace ဆိုတဲ့ ခေါင်းစဥ်နဲ့ အမေရိကန်နိုင်ငံတွင်းမှာ မိုင်ပေါင်း ၂,၃၀၀ ကျော် ဖြတ်သန်းပြီး ငြိမ်းချမ်းရေး တရားဓမ္မတွေ ဟောကြားပြသခဲ့ပါတယ်။

ဆရာတော်ဟာ သီရိလင်္ကာနိုင်ငံက ပင့်ဖိတ်လို့ ဘာသာပေါင်းစုံချစ်ကြည်ရေး၊ အကြမ်းမဖက်ရေးစတဲ့ ရည်ရွယ်ချက်တွေနဲ့ သီရိလင်္ကာမှာ ပြီးခဲ့တဲ့ဧပြီလတုန်းကလည်း ၇ ရက်ကြာ ခြေလျင်ကြွခဲ့ပါတယ်။

ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးက တွေ့ရှိသိမြင်မှုတွေ၊ ၂၀၂၁ ခုနှစ် အရှေ့ပိုင်းကာလက မြန်မာမှာ နေထိုင်သီတင်းသုံးပြီး ဝိပဿနာတရား အားထုတ်ခဲ့ပုံ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆရာတော်ရဲ့အတွေ့အကြုံတွေကို ဘီဘီစီမြန်မာပိုင်းက ဆက်သွယ်လျှောက်ထားမေးမြန်းထားပါတယ်။

ဘီဘီစီ ။ ။ ပထမဦးဆုံး လျှောက်ထားမေးမြန်းချင်တာက ဆရာတော်နဲ့ ဘုန်းတော်ကြီးတွေ အများအပြားက အမေရိကန်တခွင်ကို ခြေလျင်ကြွခဲ့ကြတယ်။ အမေရိကန်ပြည်သူတွေကလည်း လက်ခံအားပေးကြတာလည်း တွေ့ရပါတယ်။ အဲဒီလိုအတွေ့အကြုံတွေက ဆရာတော်အတွက် ဘယ်လိုအသိဖြစ်စေခဲ့သလဲ။ အဲဒီခရီးစဉ်ကနေ ဘာတွေကို လေ့လာနိုင်ခဲ့ပါသလဲ ဘုရား။

အရှင်ပညာကာရ ။ ။ ဒီ Walk for Peace အကြောင်းပြောရင် ခံစားချက်တွေ အစုံဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒီခရီးအတွင်းမှာ ဘဝနောက်ကြောင်းအမျိုးမျိုးရှိတဲ့ လူမျိုးစုံနဲ့ တွေ့ဆုံခဲ့ရတယ်။ ပျော်တယ်၊ ဝမ်းနည်းတယ်။ ခံစားချက်အစုံပါပဲ။ ဒီတော့ ဦးဇင်း အတွက်ရော၊ အခြားဆရာတော်တွေအတွက်ဆိုရင်ရော ဒီခရီးဟာ ခရီးထူးလို့ ပြောလို့ရပါတယ်။ ကိုယ်တိုင်သဘောပေါက်ခဲ့ရတာတွေရှိတယ်။ ငြိမ်းချမ်းရေးကို သိပ်ကိုတောင့်တနေကြတဲ့လူတွေကို မြင်တွေ့ခဲ့ရတယ်။

ဒီတော့ ဦးဇင်းအတွက်ဆိုရင် မြတ်စွာဘုရား သဗ္ဗညုတဉာဏ်တော်ရခဲ့ချိန်က မိန့်မှာခဲ့တာကို ဖြည့်နိုင်ခဲ့တယ်လို့ ပြောလို့ရမယ် ထင်တယ်။ ရဟန်းတို့ ဒေသစာရီကြွကြ၊ အရပ်မျက်နှာ အားလုံးကိုသွားကြ၊ သတ္တဝါတွေအားလုံးအကျိုးအတွက် ဓမ္မကို ဖြန့်ဝေဖို့ မိန့်ကြားခဲ့တာကို ဖြည့်ဆည်းနိုင်ခဲ့တယ်လို့ ပြောနိုင်တယ်။

ရဟန်းတစ်ပါးအနေနဲ့ပြောရရင် ဒါနဲ့ပတ်သက်ပြီး အများကြီး ဆင်ခြင်နိုင်ခဲ့တယ်လို့ ပြောလို့ရတယ်။ ဦးဇင်းရော၊ ခရီးမှာပါတဲ့ သံဃာတွေအားလုံးရော နေ့တိုင်း လမ်းလျှောက်တိုင်း ခြေလှမ်းတိုင်းမှာ ဒါကို ခံစား ဆင်ခြင်မိကြတယ်။ လူအများကြီး ထွက်လာကြတယ်။ ဦးဇင်းတို့ဘက်ကလည်း ဗုဒ္ဓ၊ ဓမ္မ၊ သတိပဋ္ဌာန်တရားတော်နဲ့ မေတ္တာ ဂရုဏာတွေကို မျှဝေနိုင်ခဲ့တယ်။ လူသားတွေအတွက်ရော၊ ကမ္ဘာမှာပါ ငြိမ်းချမ်းရေး ပျံ့နှံ့ဖို့ မျှော်လင့်ချက်နဲ့ပေါ့လေ။

ပြီးတော့ ဦးဇင်းတို့ ဒါကို ၁၀၂ ရက်တိုင်တိုင် ကျင့်ကြံခဲ့ကြတယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်ရော၊ တခြားသူတွေဆီကပါ အများကြီး သင်ယူနိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

ဘီဘီစီ ။ ။ ဒီခရီးကနေ အမေရိကန်လူမှုအသိုင်းအဝိုင်းအတွင်းမှာ ဘယ်လို ပြောင်းလဲမှုတွေကို ဆရာတော် မြင်တွေ့ခဲ့ရပါသလဲ။ တိတိကျကျပြောဆိုနိုင်တဲ့ ရလဒ်တွေ၊ သက်ရောက်မှုတွေဆိုရင် ဘာတွေများ တွေ့မြင်ခဲ့တယ်လို့ ပြောလို့ရပါသလဲဘုရား။

အရှင်ပညာကာရ ။ ။ အပြောင်းအလဲဆိုရင် ... အမေရိကန်ပြည်ထောင်စုအတွက်ရော၊ ကမ္ဘာကြီးအတွက်ရော အပြောင်းအလဲ တစ်ခုဖြစ်အောင်လုပ်နိုင်ခဲ့တယ်လို့ ယူဆပါတယ်။ ဘာလို့လဲဆိုရင် ဒီနေ့အထိ လူအများစုဟာ သူတို့ကိုယ်တိုင်ရော၊ သူတို့ပတ်ဝန်းကျင်အတွက်ရော ဘယ်လိုငြိမ်းချမ်

📌 Kaynak

Bu özet BBC Burmese kaynağından otomatik derlenmiştir. Tamamı için orijinal habere gidin.

Orijinal haberi oku →
← Tüm haberlere dön