ရန်ကုန်နဲ့ ငလျင်အန္တရာယ်

📌 Diğer 📰 BBC Burmese 🕐 18.05.2026
ရန်ကုန်နဲ့ ငလျင်အန္တရာယ်

ရန်ကုန်မြို့ နဲ့ ၁၅ ကီလိုမီတာ အကွာမှာ အသက်ဝင်ရက်သား ရှိနေတဲ့ စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောကနေ အင်အားပြင်းငလျင် အချိန်မရွေး ထပ်လှုပ်နိုင်ခြေရှိတာကြောင့် ရန်ကုန်အနေနဲ့ ငလျင်ဒဏ်အတွက် ကြိုပြင်ဆင်သင့်ပြီလို့ ငလျင်ပညာရှင်တွေက သတိပေးထားပါတယ်။

တိုက်ခန်းက တရိပ်ရိပ်လှုပ်နေသလို တစ်ပေအကွာလောက်သာခြားတဲ့ ဘေးတိုက်ကလည်း တအိအိနဲ့ ရမ်းနေတဲ့အသံတွေကြားတော့ ငလျင်လှုပ်နေတယ်ဆိုတဲ့အသိက ဘာလုပ်ရမှန်းမသိဘဲ မမြတ်တစ်ယောက် ထူပူနေခဲ့ပါတယ်။

"လှဲနေရင်းမှ ငလျင်လှုပ်လာတာဆိုတော့ ဒီအတိုင်းပဲ မျက်နှာကြက်ကို ကြည့်နေလိုက်တယ်။ ပုခက်လွှဲနေသလိုပဲ၊ ကြောက်ပေမဲ့ နေရာကတောင် မထဖြစ်ဘူး"လို့ ရန်ကုန်မှာ ငလျင်လှုပ်ခတ်တာကို မကြာခဏကြုံနေရတဲ့မမြတ်က ပြောပါတယ်။

သူနေတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက ၇ ထပ်တိုက်ဟာ သက်တမ်းအရ နှစ် ၃၀ ကျော်နေပါပြီ။ အသက် ၂၉ နှစ်သာ ရှိသေးတဲ့ မမြတ်ဟာ သူ့ထက် အသက်ကြီးနေတဲ့တိုက်မှာ နေတာပါ။

ရန်ကုန်မြို့မှာ ထူထပ်တဲ့လူနေထိုင်မှု၊ ကပ်လျက်ဆောက်ထားတဲ့အထပ်မြင့်တိုက်ခန်းတွေ၊ ဟောင်းနေတဲ့အထပ်မြင့်အဆောက်အဦတွေ၊ ယိုယွင်းနေတဲ့အရေးပေါ် လှေကားတွေ ဆက်ရှိနေပါတယ်။

ဒီလိုအခြေအနေတွေ ရှိနေတဲ့ ရန်ကုန်မြို့နဲ့ ၁၅ ကီလိုမီတာ အကွာမှာစစ်ကိုင်းပြတ်ရွေ့ငလျင်ကြောရှိနေတာပါ။

စစ်ကိုင်းပြတ်ရွေ့ကနေ အင်အားပြင်းငလျင် အချိန်မရွေး ထပ်လှုပ်နိုင်ခြေရှိတာကြောင့် ရန်ကုန်အနေနဲ့ ငလျင်ဒဏ်အတွက် ကြိုပြင်ဆင်သင့်ပြီလို့ ငလျင်ပညာရှင်တွေက သတိပေးထားပါတယ်။

လူဦးရေ ၇ သန်းရှိပြီး မြန်မာနိုင်ငံရဲ့ လူနေအထူထပ်ဆုံး ရန်ကုန်မြို့ကို တိုက်ရိုက်ဖြတ်သွားတဲ့ ငလျင်ပြတ်ရွေ့ မရှိပေမဲ့ မြို့ဝန်းကျင်ကို ဖြတ်သန်းသွားတဲ့ငလျင်ပြတ်ရွေ့ကြောတွေ ရှိပါတယ်။

တိုက်ကြီးပြတ်ရွေ့ဟာ ရန်ကုန်မြို့အနောက်မြောက်ဘက်မှာရှိပြီး ရစ်ချ်တာစကေး ၃ နဲ့ ၄ ဝန်းကျင် ငလျင်တွေ မကြာခဏ လှုပ်လေ့ရှိပေမယ့် ရန်ကုန်က ငလျင်လှုပ်တာ သိရုံလောက်သာ ရှိပါတယ်။

ဧရာဝတီတိုင်းထဲက ဒေးဒရဲပြတ်ရွေ့ကတော့ ကော့မှူး၊ ကွမ်းခြံကုန်းတွေမှာ ရစ်ချ်တာစကေး ၆ အထိ လှုပ်ခဲ့ဖူးလို့ ရန်ကုန်ကို သက်ရောက်မှု အလယ်အလတ်ရှိနိုင်ပေမဲ့ ဒီပြတ်ရွေ့နဲ့ ပတ်သက်လို့ ငလျင်ပညာရှင်တွေ လေ့လာတာ နည်းသေးပါတယ်။

စစ်ကိုင်းပြတ်ရွေ့ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ပဲခူး-သုံးခွ ပင်လယ်ဝအထိရှိတဲ့ ပြတ်ရွေ့က ရန်ကုန်ကို အဓိကအန္တရာယ်ပေးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးလည်းဖြစ်၊ မြေငလျင်ပညာရှင်လည်းဖြစ်တဲ့ ဦးစိုးသူရထွန်းက ပြောပါတယ်။

ဘာကြောင့်လဲဆိုတော့ ၁၉၃၀ မှာ ရစ်ချ်စကေး ၇ ဒသမ ၃ ပမာဏနဲ့ လှုပ်ခတ်ခဲ့တဲ့ ပဲခူးငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ကြောရဲ့ဆက်စပ်ဖိအားကြောင့် ဖြစ်လာတဲ့ ငလျင်ပြတ်ရွေ့တစ်ခု ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

ပဲခူးငလျင်ကြောင့် ပဲခူးနဲ့ ရန်ကုန်မှာ လူ ၅၅၀ ကျော် သေဆုံးခဲ့ရတယ်လို့ ငလျင်မှတ်တမ်းတွေအရ သိရပါတယ်။

ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်၊ မြန်မာနိုင်ငံငလျင်ကော်မတီ၊ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၁၁ ခုနှစ်က သုတေသနပြု လေ့လာချက်အရ နှစ်ပေါင်း ၁၅၀ မှာ တစ်ကြိမ်လှုပ်မယ်လို့ ခန့်မှန်းထားတယ်လို့ ဦးစိုးသူရထွန်းက ပြောပါတယ်။

အဲဒီငလျင်လှုပ်ခတ်ပြီးချိန်နဲ့ လက်ရှိကာလ ခြားနားကြည့်ရင် ၉၅ နှစ်ကျော်သွားပါပြီ။ ပဲခူးဘက်က စတဲ့ငလျင်ဖြစ်ပေမယ့် ရန်ကုန်မှာလည်း လှုပ်ခတ်နိုင်တယ်လို့ မြေငလျင်ပညာရှင်တွေက သတိပေးပါတယ်။

"ဒါပေမဲ့လည်း အဲဒီနှစ်ကာလဆိုတာက ၇ ဒသမ ၃ ပမာဏလှုပ်နိုင်တာကို ဆိုလိုတာပေါ့နော်။ ဒါပေမဲ့ ဒီနေ့လှုပ်မယ်ဆိုရင်လည်း လှုပ်နိုင်တယ်။ လှုပ်မယ်ဆိုရင်တော့ ပမာဏ ၇ မ

📌 Kaynak

Bu özet BBC Burmese kaynağından otomatik derlenmiştir. Tamamı için orijinal habere gidin.

Orijinal haberi oku →
← Tüm haberlere dön