OWIC၊ တရစ်ရစ်ကျပ်တဲ့ပြည်ပထွက်ခွင့်နဲ့ ပြည်တွင်းမှာသောင်တင်နေသူတွေ
ရာနဲ့ချီတဲ့ပြည်တွင်းရောက် ခွင့်ပြန်အလုပ်သမားတွေဟာ OWIC ကတ်အပါအဝင် အလုပ်သမားဝန်ကြီးဌာနရဲ့ကန့်သတ်ချက်တွေကြောင့် ပြည်တွင်းမှာ သောင်တင်နေပြီး အလုပ်အကိုင် ဆုံးရှုံးနိုင်ခြေဆိုက်နေပါတယ်။
နေပြည်တော် အလုပ်သမားဝန်ကြီးဌာနရဲ့ပြည်ပအလုပ်သမားသက်သေခံကတ်(OWIC) အပါအဝင် ကန့်သတ်ချက်အမျိုးမျိုးကြောင့် ပြည်တွင်းရောက် ခွင့်ပြန်အလုပ်သမား တစ်ထောင်ကျော်ဟာ ပြည်ပကို ပြန်ထွက်ဖို့ ခက်ခဲနေကြပါတယ်။
ဒီလူတွေထဲက အများစုဟာ အရေးတကြီးကိစ္စကြောင့် ခွင့်ယူပြီး ပြည်တွင်းကို ပြန်လာတာ၊ ခွင့်ရက်တွေကို စုပေါင်းယူပြီး ပြန်လာတာလို အကြောင်းအမျိုးမျိုးနဲ့ ပြည်တွင်းကို ပြန်လာကြသူတွေ ပါဝင်ပါတယ်။
ပြည်ပထွက်ခွာခွင့်ပြုတဲ့လုပ်သားတွေရဲ့စာရင်းကို ထုတ်ပြန်နေတဲ့အလုပ်သမားဝန်ကြီးဌာနပိုင် Safe Migration တယ်လီဂရန်ချန်နယ်က ထုတ်ပြန်ချက်တွေအရ ၂၀၂၆ ခုနှစ် ပထမ ၄ လကျော်အတွင်း ပြည်ပထွက်ခွင့်ကြန့်ကြာနေတဲ့အလုပ်သမား ၁,၄၀၀ နီးပါးရှိနေပါတယ်။
အချို့ခွင့်ပြန်အလုပ်သမားတွေဟာ ခွင့်ရက်ကျော်တဲ့အထိ လုပ်ငန်းခွင်ထဲ မရောက်နိုင်တော့တာကြောင့် ပြည်ပမှာ ရှိနေတဲ့အလုပ်ကိုပါ စွန့်လွှတ်လိုက်ရတာတွေလည်းရှိနေတယ်လို့ နားလည်ရပါတယ်။
အလုပ်သမားဝန်ကြီးဌာနကတော့ ဒီလုပ်သားတွေထဲက အချက်အလက် စိစစ်ပြီး လူ ၆၀၀ ကျော်ကို မေလ ဒုတိယပတ်ကနေ တတိယပတ်ကနေ OWIC ကတ် လုပ်ပေးမယ်လို့ ကြေညာပါတယ်။
ဒါပေမဲ့ အဲဒီမတိုင်ခင်ရက်ပိုင်းတုန်းကတော့ ပြည်ပရောက်လုပ်သားတွေ ပြည်တွင်းပြန်မယ်ဆိုရင် မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံးတွေကနေ ထောက်ခံစာယူလာရမယ်ဆိုတဲ့အချက်ကို ကြေညာထားပါတယ်။ ပြည်ပရောက်လုပ်သားတွေကလည်း ဒါကို ကန့်သတ်ချက်အသစ်လို့ ရှုမြင်ပါတယ်။
ဒီအချိန်မှာ ပြည်ပပြန်ထွက်မယ့် မြန်မာလုပ်သားတွေ ပြည်တွင်းမှာ ဘယ်လိုကန့်သတ်ချက်တွေကြား ပိတ်မိနေလဲ။
Safe Migration ကနေ ထုတ်ပြန်တဲ့အချက်အလက်တွေအရ ပြည်ပကို ပြန်ထွက်မယ့် မြန်မာလုပ်သားတွေ ပြည်တွင်းမှာ ပိတ်မိနေတဲ့ အကြောင်းရင်း ၃ မျိုးရှိနေပါတယ်။ အလုပ်သမားဝန်ကြီးဌာနကတော့ ဒါတွေဟာ ပြည်ပထွက်ခွင့် မကိုက်ညီတဲ့ မှတ်ချက် ၃ မျိုးလို့ သုံးနှုန်းပါတယ်။
- ပြည်ပအလုပ်သမားသက်သေခံကတ်(OWIC) ကတ်ထဲက အလုပ်ရှင်/ကုမ္ပဏီနာမည်နဲ့ ခွင့်စာမှာ ပါတဲ့နာမည်မတူတာ
အလုပ်အကိုင် နိုင်ငံကူးလက်မှတ်(PJ) ကိုင်ဆောင်ထားသူတွေအနေနဲ့ OWIC ပါမှ လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေကနေတဆင့် ပြည်ပထွက်ခွာခွင့်ရမယ်လို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာမှာ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ကြေညာခဲ့ဖူးပါတယ်။
အဲဒီနောက်ပိုင်း OWIC မရှိသူတွေကို ထွက်ခွာခွင့် မပေးတာတွေလည်း ရှိခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၆ ခုနှစ်၊ မတ်လကနေ စပြီး OWIC ကတ်ရှိတဲ့ပြည်တွင်းပြန် အလုပ်သမားတချို့ဟာ OWIC မှာ ဖော်ပြထားတဲ့အလုပ်ရှင်/ကုမ္ပဏီနာမည်နဲ့ ပြည်တွင်းပြန် ခွင့်စာက အလုပ်ရှင်/ကုမ္ပဏီနာမည် မတူဘူးဆိုပြီး ထွက်ခွာခွင့် ပြန်တင်ရတာတွေ ဖြစ်လာပါတယ်။
"အဲဒါဆိုရင် OWIC ကို အသစ်ပြန်လျှောက်ရတယ်။ အသစ်ပြန်လျှောက်ရင်လည်း အမျိုးသားဆို စစ်မှုထမ်းအသက် အကျုံးဝင်ရင်လည်း မရဘူး။ ရတဲ့အရွယ်ကျပြန်တော့လည်း OWIC ကတ်ရဖို့ ၂ လကနေ ၄ လအထိ ကြာတယ်'' လို့ OWIC ကတ် လျှောက်တဲ့ဝန်ဆောင်မှုပေးတဲ့ အကျိုးဆောင် ကိုမင်းအောင်(နာမည်လွှဲ)က ပြောပါတယ်။
ပြည်ပထွက် အလုပ်သမားတွေကိုင်ဆောင်တဲ့ နိုင်ငံကူးလက်မှတ်(PJ) နဲ့ OWIC ရဲ့သက်တမ်း အတူတူဖြစ်ပါတယ်။ နှစ်ခုစလုံးရဲ့သက်တမ်းက ၅ နှစ်ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီသက်တမ်း ၅ နှစ်အတွင်းမှာ အလုပ်ရှင်တစ်ယောက်တည်းဆီမှာ အလုပ်လုပ်ဖို့ဆိုတာ ခဲယဉ်းတယ်လို့ ပြည်ပပ
📌 Kaynak
Bu özet BBC Burmese kaynağından otomatik derlenmiştir. Tamamı için orijinal habere gidin.
Orijinal haberi oku →