စက်ရုပ်ခြေထောက်ဖန်တီးတဲ့ ထိုင်းရောက်မြန်မာလူငယ်တွေ

💻 Teknoloji 📰 BBC Burmese 🕐 16.05.2026
စက်ရုပ်ခြေထောက်ဖန်တီးတဲ့ ထိုင်းရောက်မြန်မာလူငယ်တွေ

"ဒီပရောဂျက်က လေကြောင်းဗုံးကြဲလို့ ဖြစ်လာတာ။ ဒါပေမဲ့ ခြေတုအတွက်က ဆေးပညာပိုင်း အသိပညာလိုတယ်။ ဒါကြောင့် စပွန်ဆာပေးတဲ့ ကုမ္ပဏီနဲ့တိုင်ပင်ပြီးတော့ Humanoid Robot leg (လူပုံစံတူစက်ရုပ်ခြေထောက်) လုပ်ဖို့ ဖြစ်သွားတယ်" လို့ ကိုပြည့်ထူးခန့်က ဆိုပါတယ်။

မြန်မာမှာ ပထမဆုံးစက်ရုပ်ကို "လမ်းလျှောက်စက်ရုပ်" လို့ နာမည်ပေးထားပြီး အင်းစိန် G.T.I က ဆရာနဲ့ကျောင်းသားတွေပူးပေါင်းကာ ၁၉၆၆ ခုနှစ်က တီထွင်ခဲ့ပါတယ်။

"လမ်းလျှောက်စက်ရုပ်"၊ "လပေါ်ရောက်လူသား" စက်ရုပ်နဲ့ ကား‌ဆေးမှုတ်နိုင်တဲ့ စက်ရုပ်တွေက မြန်မာ့ စက်ရုပ် တီထွင်မှုခေတ်ဦးမှာ ထင်ရှားခဲ့ကြတာပါ။

ဒီအဆင့်ကနေ ရှေ့ဆက်တက်လှမ်းဖို့ အစိုးရက အားမပေးတော့တာကြောင့် ဒေသတွင်းမှာ ရှေ့ရောက်နေခဲ့တဲ့ မြန်မာ့စက်ရုပ်တီထွင်မှုက တခန်းရပ်သွားပါတယ်။

နှစ် ၆၀ ကြာလာချိန်မှာတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက အပြိုင်အဆိုင် နည်းပညာ မြှင့်တင် ဖန်တီးနေတဲ့ လူပုံစံတူစက်ရုပ်"Humanoid Robot"နယ်ပယ်ကို မြန်မာလူငယ်တွေ ချဥ်းကပ်လာ ကြပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာ ဖန်တီးခွင့်ရခဲ့ကြတာတော့ မဟုတ်ပါဘူး။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် လူငယ် ၃ သိန်းကနေ ၅ သိန်းကြားဟာ နိုင်ငံပြင်ပ ထွက်သွားခဲ့ပြီလို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဥ် UNDP က ခန့်မှန်းထားပါတယ်။

စစ်အာဏာသိမ်းချိန်မှာ သူက မန္တလေးနည်းပညာတက္ကသိုလ်ရဲ့ Mechatronics Engineering စတုတ္ထနှစ်ကျောင်းသား ဖြစ်ပါတယ်။

စစ်တပ်ရဲ့ အာဏာသိမ်းတဲ့လုပ်ရပ်ကို လက်မခံနိုင်တာကြောင့် CDM လုပ်တဲ့ ကျောင်းသားတစ်ဦး ဖြစ်လာပါတယ်။

ပညာရေးကို နိုင်ငံပြင်ပမှာ ဆက်သင်ယူဖို့ ဖြစ်လာရတဲ့အကြောင်းရင်းထဲကတစ်ခုက‌တော့ လေ ကြောင်း ဗုံးစထိမှန်ပြီး ဒူးအောက်ပိုင်းပြတ်သွားတဲ့ သူငယ်ချင်းအတွက် စက်ရုပ်ခြေတုဖန်တီးပေးချင်တာပါ။

"ကျွန်တော့်မိသားစုရှိတဲ့ရွာနားမှာလည်း ဗုံးကြဲတယ်ဆိုတော့ ဒီလိုခြေလက် ထိခိုက်မိတဲ့သူတွေ အရမ်းများတယ်။ ကျွန်တော့်ညီလေးသာ ဒီလိုဖြစ်လာရင် ဘယ်လိုလုပ်မလဲတွေးမိတယ်။ ကျွန်‌တော်က Mechatronics နောက်ခံရှိတော့ စက်ရုပ်ခြေတုအတွက် စက်ရုပ်အင်ဂျင်နီယာ (Robotics) နဲ့ ဘယ်လိုသွားလို့ရမလဲဆိုပြီး လေ့လာတယ်။ ဒီလိုနဲ့ထိုင်းမှာ ဆက်လေ့လာဖို့ ဖြစ်လာတယ်" လို့ ကိုပြည့်ထူးခန့်ကပြောပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က King Mongkut's Institute of Technology Ladkrabang မှာ စက်ရုပ်အင်ဂျင်နီယာနဲ့ ဥာဏ်ရည်တုနည်းပညာ(Robotics and AI) ကို ပညာသင်ဆုရယူပြီး ၂၀၂၂ ခုနှစ် မှာ စတင်တက်ရောက်ခဲ့ပါတယ်။

"ကျွန်တော့်မိသားစုက ငွေကြေးထောက်ပံ့ပေးနိုင်တဲ့အခြေအနေမရှိဘူး။ ကျောင်းလခကို ပညာသင်ဆုယူခဲ့တယ်။ နေထိုင်စားသောက်စားရိတ်က ချေးငွေယူထားတာပါ" လို့ သူကပြောပါတယ်။

၂၀၂၄ ခုနှစ်ထဲမှာတော့ တက္ကသိုလ်ဘွဲ့ယူစာတမ်းအတွက် စဥ်းစားချိန်မှာ သူ့ရဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့ စက်ရုပ်ခြေတုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

"ဒီပရောဂျက်က လေကြောင်းဗုံးကြဲလို့ ဖြစ်လာတာ။ ဒါပေမဲ့ ခြေတုအတွက်က ဆေးပညာပိုင်း အသိပညာလိုတယ်။ ဒါကြောင့် စပွန်ဆာပေးတဲ့ ကုမ္ပဏီနဲ့တိုင်ပင်ပြီးတော့ Humanoid Robot leg (လူပုံစံတူစက်ရုပ်ခြေထောက်) လုပ်ဖို့ ဖြစ်သွားတယ်" လို့ ကိုပြည့်ထူးခန့်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပြည့်ထူးခန့်၊ မေသဇင်လဲ့/ဘီဘီစီမြန်မာပိုင်း

သူနဲ့အတူ နောက်ထပ် မြန်မာကျောင်းသား ၂ ဦးလည်း ဒီပရောဂျက်ထဲမှာ အတူ လုပ်ကိုင်ခဲ့ကြတာပါ။

တစ်ဦးက ကိုပြည့်ထူးခန့်နဲ့ မန္တလေးနည်းပညာတက္ကသိုလ်အတူတက်ခဲ့တဲ့ ကိုကြည်ခိုင်ခန့်စိုးဖြစ်ပြီး နောက်တစ်ဦးကတော့ ရန်ကုန်သတင်းအချက်အလက်နည်းပညာတက္ကသိုလ်က ကိုပိုင်သက်က

#robot

📌 Kaynak

Bu özet BBC Burmese kaynağından otomatik derlenmiştir. Tamamı için orijinal habere gidin.

Orijinal haberi oku →
← Tüm haberlere dön