ယော၊ဆောဒေသထဲ စစ်တပ်ရဲ့အင်အားဖြည့်တင်းမှုနဲ့ ချင်း-ရခိုင် စစ်ရေးဖိအား
ယော၊ဆောဒေသထဲက ကံကြီးရွာကို စစ်တပ်က အင်အားဖြည့်အထိုင်ချလိုက်သလို တစ်ဖက် ဆော-ကျောက်ထုလမ်းပိုင်းမှာလည်း စစ်အင်အားတွေဖြည့်တင်းစစ်ကြောင်းထိုးနေပါတယ်။ မကွေး၊ ရခိုင်နဲ့ ချင်း ပြည်နယ်ဒေသသုံးခုကို ဆက်သွယ်ထားတဲ့ ဆောမြို့နယ်ထဲက ကံကြီးရွာက စစ်ရေးအချက်အချာဗျူဟာဖြစ်လာပါတယ်။
ချင်းတောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ မကွေး(ဆောဒေသ)က ကံကြီးရွာကို မြန်မာစစ်တပ်က ယောဒေသနဲ့ ချင်းတောင်ပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးအခြေစိုက်အဖြစ် အသုံးပြုလာပါတယ်။
အိမ်ခြေ ၁၀၀ ဝန်းကျင်သာရှိတဲ့ ဒီရွာကို ဧပြီနှောင်းပိုင်းမှာ မြန်မာစစ်တပ်က ခြေကုပ်ယူတပ်စွဲခဲ့ပြီးနောက် ချင်းတောင်ပိုင်းကနေ ရခိုင်ဘက်အထိ စီးဆင်းနေတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေပါ ရပ်ဆိုင်းလုနီး ဖြစ်သွားပါတယ်။
တချိန်တည်းမှာပဲ မကွေးတိုင်းထဲက ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိလာသလို၊ ယောဒေသဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်းလှုပ်ရှားမှုတွေကိုလည်း တွေ့လာရပါတယ်။
ဒါကြောင့် မကွေးနဲ့ ချင်းဘက်က တော်လှန်ရေးတပ်တွေဟာ ကံကြီးရွာမှာရှိတဲ့ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို သတိထားစောင့်ကြည့်နေကြပါတယ်။ ဒေသ ၃ ခုကို ချိတ်ဆက်ထားတဲ့ ကံကြီးရွာဟာ ဘာကြောင့် ကုန်သွယ်ရေးနဲ့ စစ်ရေးအရ အရေးပါတဲ့ ဒေသဖြစ်လာသလဲ။
ကံကြီးရွာရှိတဲ့ ယောဒေသဟာ အနောက်ဘက်က ချင်းတောင်တန်းနဲ့ အရှေ့ဘက်က ပုံတောင်ပုံညာတောင်တန်းတို့ကြားမှာ တည်ရှိတဲ့ ကြားခံဒေသတစ်ခု ဖြစ်ပါတယ်။
ချင်းပြည်နယ်လို တောင်တန်းဒေသနဲ့ မကွေးတိုင်းလို မြေပြန့်ဒေသတို့ကို ဆက်သွယ်ထားတဲ့ ဒီဒေသဟာ ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ စစ်ရေးလှုပ်ရှားမှုတွေအတွက် အရေးပါတဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်နေပါတယ်။
ယောဒေသထဲမှာ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်တို့နဲ့ ကျောက်ထုမြို့ ပါဝင်ပြီး ကံကြီးရွာကတော့ ဆောမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။ ကံကြီးရွာဟာ ကျောက်ထုမြို့နဲ့ နီးကပ်သလို ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို ဆက်သွယ်ထားတဲ့ လမ်းဆုံနေရာမှာ တည်ရှိနေပါတယ်။
အဲဒီနေရာကနေ ဆောမြို့နယ်က တဆင့် ကန်ပက်လက်ဘက်ကို သွားနိုင်သလို မင်းတပ်၊ မတူပီ၊ ပလက်ဝဘက်ကိုလည်း ဆက်သွားနိုင်ပါတယ်။ အဲဒီလမ်းကြောင်းတွေကနေ ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားဒေသတွေအထိ ဆက်စပ်နေပါတယ်။
အခြားတစ်ဖက်မှာတော့ ကျောက်ထုမြို့ ကတဆင့် ပေါက်၊ ဆိပ်ဖြူအပါအဝင် မကွေးတိုင်းထဲက မြို့နယ်တွေနဲ့ ချိတ်ဆက်ထားပြီး ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေရှိတဲ့ ဒေသတွေနဲ့လည်း ဆက်နွယ်နေပါတယ်။
ဒါကြောင့် ကံကြီးရွာဟာ ယောဒေသ၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ကို ဆက်သွယ်ထားတဲ့ ဗျူဟာမြောက် လမ်းဆုံနေရာတစ်ခုအဖြစ် စစ်ရေးနဲ့ ထောက်ပံ့ရေးအရ အရေးပါလာနေပါတယ်။
ကံကြီးရွာကို ၂၀၂၁ ခုနှစ် နှောင်းပိုင်းကစပြီး ယောတပ်တော် (YA)၊ ယောကာကွယ်ရေးတပ် (YDF) နဲ့ NUG လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားခဲ့တယ်လို့ စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။
ကံကြီးရွာလမ်းဆုံနဲ့ ကျောက်ထုမြို့မှာရှိတဲ့ စစ်တပ်ရဲ့ အမှတ် ၃၆၈ အမြောက်တပ် (အမတ-၃၆၈) ဟာ တစ်မိုင်ဝန်းကျင်သာ ကွာဝေးပါတယ်။
ချင်းနဲ့ ယောဒေသ စစ်ရေးအရင်းအမြစ်တွေရဲ့ အဆိုအရ အမတ-၃၆၈ က ထွက်လာတဲ့ စစ်ကြောင်းဟာ ၂၀၂၆ ဧပြီ ၂၅ ရက်မှာ ကံကြီးရွာကို အင်အားအလုံးအရင်းနဲ့ ရောက်လာတာကြောင့် ရွာလမ်းဆုံမှာ ဂိတ်ဖွင့်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အင်အားမညီမျှလို့ ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီနောက် စစ်တပ်က ကံကြီးရွာ အထက်တန်းကျောင်းမှာ တပ်စွဲခဲ့တာကြောင့် ဆောမြို့နယ်၊ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်အလယ်ပ
📌 Kaynak
Bu özet BBC Burmese kaynağından otomatik derlenmiştir. Tamamı için orijinal habere gidin.
Orijinal haberi oku →