အမျိုးသမီးအခွင့်အရေးတိုက်ပွဲအတွက် သူရဲကောင်းသစ် ဘောလုံးသမားတွေ

📌 Diğer 📰 BBC Burmese 🕐 17.08.2023
အမျိုးသမီးအခွင့်အရေးတိုက်ပွဲအတွက် သူရဲကောင်းသစ် ဘောလုံးသမားတွေ

ဒီကမ္ဘာ့ဖလားပွဲကို လူပေါင်း ၂ ဘီလျံက ကြည့်ရှုကြတာကို အလေးဂရုထားပြီး ကမ္ဘာ တလွှားမှာ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင် နေကြတဲ့ အမျိုးသမီးတွေအပေါ် ထိခိုက် သက်ရောက်နေတဲ့ အရေးကိစ္စတွေကို ဘောလုံးသမားတွေက မီးမောင်းထိုးပြ ခဲ့ကြပါတယ်။

ဒီနှစ်ကမ္ဘာ့ဖလားပွဲအတွင်း ပယ်နယ်တီ အဆုံးအဖြတ်ကန်တဲ့ပွဲတခုမှာ သြစတြေးလျ အမျိုးသမီးဘောလုံးသမား ကက်ထရီနာ ဂေါ်ရီက ဘောလုံးကို ဂိုးဝင်အောင် ကန်သွင်းပြီးတဲ့နောက် ပရိသတ်ဘက်ကိုကြည့်ကာ သူ့လက်တွေကို မြှောက်ပြီး သူ့ရဲ့ ၂ နှစ် အရွယ် သမီးလေး ဟပ်ပါကို ဂုဏ်ပြုခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူက ဟပ်ပါကို ကွင်းထဲကို ခေါ်လာြပီး ပြင်သစ်အသင်းကို သူတို့ အနိုင်ရသွားလို့ အော်ဟစ် အားပေးနေတဲ့ ပရိသတ်ကို သြစတြေးလျ ဘောလုံး အသင်း ဝတ်စုံ ဆင်တူ ဝတ်ထားကြတဲ့ သူတို့ ၂ ယောက်ကာ လက်တွေဝှေ့ရမ်းပြကာ နုတ်ဆက်ကြပါတယ်။

ဒီနှစ် ကမ္ဘာ့ဖလားပွဲမှာ မိခင်တွေဖြစ်နေတဲ့ ဘောလုံးသမားတွေ ပိုတိုးများလာပြီး တစ်ဖက်မှာ မိခင် တာဝန်ထမ်းနေတုန်း အခြားတဘက်မှာတော့ အဆင့်အမြင့်ဆုံး ဘောလုံးပွဲမှာကန်နေကြတဲ့ သူတို့ရဲ့ ထိန်းညှိ လုပ်ကိုင်နိုင်စွမ်းတွေကို အထင်အရှား တွေ့နေ ရပါတယ်။

ဒီ သန်သန်မာမာ၊ အောင်အောင်မြင်မြင် အမျိုးသမီးတွေက မိခင်ဘဝကို ထွေးပွေ့ ထားရင်း ကမ္ဘာကို အားကောင်းတဲ့ သတင်းစကား ပါးနေပါတယ်။

ဘရာဇီးရဲ့ ဂန္တဝင် အမျိုးသမီး‌ဘောလုံးသမား မာတာကလည်း သူ့အသင်း ပြိုင်ပွဲကနေ ထွက်ခွာရစဉ်မှာ ဒီအတုယူစရာ စံနမူနာထားထိုက်တဲ့သူတွေအကြောင်းကို ပြောရင်း အများသူငှာ ဂရုထားမိအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

သူက “ကျွန်မဘောလုံးစ ကစားချိန်တုန်းက အမျိုးသမီးတွေ ဘောလုံးကန်တာကို စံနမူနာတင်ပြီး အတူယူကြသူတွေ မရှိပါဘူး” လို့ ပြောပါတယ်။

“အနှစ် ၂၀ ကြာလာတဲ့ အခုအချိန်မှာတော့ ဘောလုံး လောကထဲမှာတင် မဟုတ် ပါဘူး။ ကမ္ဘာတလွှားက အမျိုးသမီးပေါင်းများစွာအတွက် ကျွန်မတို့က စံပြုညွှန်းဆို ပြစရာ ဖြစ်နေပါပြီ။”

ဒီကမ္ဘာ့ဖလားပွဲကို လူပေါင်း ၂ ဘီလျံက ကြည့်ရှုကြတာကို အလေးဂရုထားပြီး ကမ္ဘာ တလွှားမှာ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင် နေကြတဲ့ အမျိုးသမီးအပေါ် ထိခိုက် သက်ရောက်နေတဲ့ အရေးကိစ္စတွေကို ဘောလုံးသမားတွေက မီးမောင်းထိုးပြ ခဲ့ကြ ပါတယ်။

“အားကစားဟာ လူ့ဘောင်လောကအသိုင်းအဝိုင်း ပုံစံငယ်လေးတခုပါပဲ” လို့ ဗြိတန်နိုင်ငံ နော်တင်ဟမ် ထရန့် တက္ကသိုလ်၊ အမျိုးသမီးအားကစား လူမှုဗေဒဌာနက သရုပ်ပြဆရာမ အယ်လီ ဘိုးစ်က ပြောပါတယ်။ “အားကစားမှာ ဂျန်ဒါ (Gender - လူမှုပတ်ဝန်းကျင် နှင့် ထုံးတမ်းအစဉ်အလာ သတ်မှတ်ချက်အရ မိန်းကလေး၊ ယောကျာ်းလေးနှင့် အခြား မတူကွဲပြားတဲ့ လိင်စိတ်ခံယူမှုရှိသူတွေက ဘယ်လို ဝတ်စား ပြုမှု နေထိုင် ပြောဆိုရမလဲဆိုတဲ့ သတ်မှတ်ချက်) အပေါ်မူတည်ပြီး ဖြစ်နေတဲ့ မညီမျှမှုတွေကို ဖြေရှင်းနိုင်မယ်ဆိုရင် ဒီထက် ပိုကျယ်ပြန့်တဲ့ ကမ္ဘာက ဂျန်ဒါ အရ မညီမျှမှုတွေကို ပိုပြီးဖြေရှင်းပေးနိုင်မှာပါ။”

အမျိုးသမီးဘောလုံးလောကမှာ ပြောင်းလဲလာမှုတွေက လူမှုအသိုင်းအဝိုင်းရဲ့ တခြား နေရာတွေကို “ရောက်လာမယ်” လို့ သူက ယုံကြည်ပါတယ်။

အမျိုးသမီးဘောလုံးသမားတွေဟာ ကဏ္ဍ ၂ ခုမှာ သိသိသာသာ ရှေ့ကိုတိုးတက် အောင် စွမ်းဆောင် နိုင်ကြပါတယ်၊ အဲဒါတွေကတော့ မိခင် အခွင့်အ‌ရေးနဲ့ လုပ်ခ ညီမျှ‌ရေးပါ။

“အမျိုးသမီးကစားသမားတွေဟာ မိခင်ဘဝကိုရွေးမလား၊ အားကစား အလုပ်ကို ရွေးမလား ဆိုတာမျိုးကို ကြုံနေကြရတယ်” လို့ ဗြိတိန်က ဒါဟမ် တက္ကသိုလ်မှာ ဂျန်ဒါ၊ အားကစားနဲ့ မညီမျှမှုတွေနဲ့ ပတ်သက်ပြီး သုတေသနလုပ်နေတဲ့ စတေဆီ ပုပ်က ပြောပါတယ်။

“အားကစားကို အလုပ်အဖြစ် ရွေးကြတဲ့ စံနမ

📌 Kaynak

Bu özet BBC Burmese kaynağından otomatik derlenmiştir. Tamamı için orijinal habere gidin.

Orijinal haberi oku →
← Tüm haberlere dön